နာမည်ကျော်ဟောလိဝုဒ်မင်းသမီး နာတလီပေါ့ထ်မန်းသည် ဒါရိုက်တာအဲလက်စ်ဂါးလန်းရိုက်ကူးသည့် သဲထိတ်ရင်ဖိုသိပ္ပံဇာတ်ကားအမျိုးအစား “Annihilation” ၌အဓိကဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင် ထားကြောင်းသိရှိရသည်။

Paramount ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်လိုက်သည့် အဆိုပါဇာတ်ကားကိုလာမည့် ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌စတင်ရုံတင်ပြသတော့မည်ဖြစ်သည်။ ထို့ပြင် Netflix မှ လည်း နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိပေးသွားမည်ဖြစ်သည်။ ထူးခြားဆန်းကြယ်သော သဘာဝဘေးဒဏ်သင့်ဇုန်တစ် ခုထဲရောက်ရှိသွားသည့် စစ်တပ်တစ်ဖွဲ့မှ စစ်သားတစ်ဦးသည် နေရပ်သို့ ပြန်လာနိုင်ခဲ့သော်လည်းဒဏ်ရာပြင်းထန်စွာရရှိထားခဲ့သည်။

၎င်း၏ဇနီးသည် ဇီဝဗေဒပညာရှင်တစ်ဦးအဖြစ် မင်းသမီးနာတလီပေါ့ထ်မန်းက ပါဝင်ထားပြီး ခင်ပွန်းသည်အားကယ်ဆယ်နိုင်ရန်အတွက် ၄င်းတို့ကြုံတွေ့ခဲ့ရသည့်အခြေအနေကိုသိရှိရန် လိုအပ်ခဲ့သည့်အတွက် တခြားအမျိုးသမီးဖိုက်တာများနှင့်အတူခင်ပွန်းသည် ပြန်လာခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောဇုန်ထဲ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့သည်။ သူမ၏ခင်ပွန်းသည်အပါအ၀င် လက်ရှိလူသားမျိုးနွယ်အားကယ်တင်နိုင်ရန် စွန့်စားခဲ့ပုံကိုဇာတ်လမ်းဆင်ကာရိုက်ကူးထားသည့် သဲထိတ်ရင်ဖိုရုပ်ရှင်ဇာတ်ကားကောင်းဖြစ်ကြောင်းလည်းသိရှိရသည်။ 

 

 

Related News