တောင်ကိုရီးယားနာမည်ကျော်မင်းသားတစ်လက်ဖြစ်သည့် Park Bo Gum သည် ယခု ၂၀၁၈ ခုနှစ်အတွက် ပထမဦးဆုံးပရိသတ်တွေ့ဆုံပွဲကိုမကြာမီတောင်ကိုရီးယားနိုင်ငံ၌ပင်ကျင်းပပြုလုပ်သွားမည်ဟုသိရှိရသည်။

၎င်း၏ပရိသတ်တွေ့ဆုံပွဲကိုဆိုးလ်မြို့ရှိ Kyung Heeတက္ကသိုလ်၏ Grand Peace Palace ၌လာမည့်မတ်လ (၃၁) ရက်နေ့နှင့် ဧပြီလ (၁) ရက်နေ့တို့တွင် ပြုလုပ်သွားမည်ဟု ၄င်း၏အနုပညာအေဂျင်စီဖြစ်သော Blossom Entertainment က ထုတ်ပြန်ကြေညာခဲ့သည်။

မင်းသား Park Bo Gum သည် ယမန်နှစ်၊ မတ်လကလည်းတောင်ကိုရီးယားနိုင်ငံ၌ပင် ပရိသတ်တွေ့ဆုံပွဲကျင်းပခဲ့သေးသည်။ ၄င်းသည် ၂၀၁၆ ခုနှစ်က Moonlight Drawn by Clouds အမည်ရှိဇာတ်လမ်းတွဲအား ၂၀၁၆ ခုနှစ်ကနောက်ဆုံးရိုက်ကူးထားခြင်းဖြစ်သည်။ လတ်တလောတွင် Park Bo Gum သည် အသစ် ရိုက်ကူးမည့်ဇာတ်လမ်းများအားစိတ်ကြိုက်ရွေးချယ်နေသလို JTBC ရုပ်သံလိုင်းမှ စီစဉ်တင်ဆက်လျက်ရှိသည့် Hyori’s Homestay 2 အမည်ရှိရုပ်သံအစီအစဉ်တစ်ခုတွင် Girls’ Generation အဖွဲ့ဝင် Yoona နှင့်အတူ ပါဝင်တင်ဆက်ရန် ရှိသည်ဟုသိရသည်။ 

 

 

Related News