“Fifty Shades Freed” အမည်ရှိ ဟောလိဝုဒ်ဇာတ်လမ်းတွဲအသစ်အား မြောက်အမေရိက၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်းရုံတင်ပြသခဲ့ရာ ၀င်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။

ဇာတ်လမ်းတွဲ၏ တတိယမြောက်ဇာတ်လမ်းဖြစ်သလိုနောက်ဆုံးဇာတ်ထုတ်လည်းဖြစ်သည့် အဆိုပါရုပ်ရှင် Fifty Shades Freed သည် သီတင်းပတ်တစ်ပတ်အတွင်း ၀င်ငွေအမေရိကန် (၃၈.၈) သန်းရရှိခဲ့ပြီး ၀င်ငွေအကောင်းဆုံးရုပ်ရှင်များစာရင်း အားထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သည်။

ယင်းဇာတ်ကားသည် သီတင်းပတ် (၁) ပတ်အတွင်း ၀င်ငွေအကောင်းဆုံးဖြစ်ခဲ့သော် လည်းရုံတင်ခဲ့ပြီးဖြစ်သည့် ယခင်ဇာတ်လမ်းတွဲရုပ်ရှင်များ၏ ပထမဦးဆုံးသီတင်းပတ်ဝင်ငွေအား မမှီသေးဟုသိရသည်။ ယမန်နှစ်အတွင်းကထုတ်လုပ်ခဲ့သည့် Fifty Shades Darker မှာမူရုံတင်ပြသခါစသီတင်းပတ်အတွင်း ၀င်ငွေမှာ အမေရိကန်ဒေါ်လာ (၄၆.၆) သန်းရရှိခဲ့သလို ၂၀၁၅ ခုနှစ်အတွင်းပထမဦးဆုံးထုတ်လွှင့်ပြသခဲ့သည့် Fifty Shades of Grey မှာမူအမေရိကန်ဒေါ်လာ (၈၅.၂) သန်းရှိခဲ့ရာ တဖြည်းဖြည်းဝင်ငွေပမာဏမှာ ကျဆင်းခဲ့သည်ဟုပင် ဆိုနိုင်ပြန်သည်။ 

 

 

Related News