နာမည်ကျော်အဆိုတော်မင်းသမီး Selena Gomez သည်  “The Voyage of Doctor Dolittle” အမည်ရှိ ရုပ်ရှင်ဇာတ်ကားသစ်တွင် အသံသရုပ်ဆောင်အဖြစ် ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ သိပ်မကြာခင်ရိုက်ကူးတော့မည့် အဆိုပါရုပ်ရှင်ဇာတ်ကားသစ်မှာ ၁၉၂၀ ပြည့်နှစ်က ထုတ်ဝေခဲ့သော စာအုပ်အား အခြေခံ ထားခြင်းဖြစ်သည်ဟု သိရသည်။

ယင်းဇာတ်ကားထဲတွင် တိရစ္ဆာန်လေးများနှင့် စကားပြောဆိုနိုင်သည့် ဆရာဝန်အဖြစ် မင်းသား Robert Downey Jr. က အသံပိုင်းပါဝင်သွားမည်ဖြစ်သလို Tom Holland လည်း ပါဝင်သွားမည်ဟု သိရသည်။ မကြာခင်ရိုက်ကူးရန် စီစဉ်နေပြီဖြစ်သည့် “The Voyage of Doctor Dolittle” ဇာတ်ကားသစ်အား လာမည့် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း လန်ဒန်မြို့၌ စတင်ပြသသွားမည်ဟုလည်း သိရှိရသည်။ 

 

 

Related News