တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော်သက်လတ်အမျိုးသားတေးဂီတအဖွဲ့ Shinhwa သည် “Shinhwa Twenty Fan Party – All Your Dreams” ဟု အမည်ပေးထားသော ပရိသတ်တွေ့ဆုံပွဲအခမ်းအနားအား မကြာမီကျင်းပတော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲအထိမ်းအမှတ် ကြော်ငြာပိုစတာများကိုလည်း တရားဝင်ဖြန့်ချိ နေပြီဟု သိရသည်။ ယခု “Into the shinhwa” အမည် အမည်ပေးထားသည့် ဒုတိယမြောက်ပိုစတာဓာတ်ပုံထဲတွင် ပရိသတ်အသဲစွဲ Shinhwa အဖွဲ့ဝင်များကို ချစ်စဖွယ်အမူအယာများနှင့် တွေ့မြင်ကြရမည်ဖြစ်သည်။

Shinhwa အဖွဲ့၏ ပရိသတ်တွေ့ဆုံပွဲ “Fan Party” ကို ဆိုးလ်မြို့ရှိ အိုလံပစ်ပတ်ခ်ရှိ SK Handball Stadium တွင် လာမည့် မတ်လ (၂၄) ရက်နေ့ ညနေ (၆) နာရီ၊ မတ်လ (၂၅) ရက်နေ့ ညနေ (၅) နာရီတို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Shinhwa အဖွဲ့၏ အမာခံပရိသတ်များအတွက် ၀မ်းမြောက်ဖွယ်သိရှိရသည်။ 

 

 

Related News