ဘတ်စကတ်ဘောဂန်္တ၀င်ကစားသမားဟောင်း ““ကိုဘီဘရိုင်းယန့်””ဟာ(၂၀၁၇)ခုနှစ်အတွက် အော်စကာဆုပေးပွဲမှာBest Animated Short Filmဆုကိုရရှိခဲ့ပါတယ်။ 
ကိုဘီဘရိုင်းယန့်ဟာ (၂၀၁၇) ခုနှစ်မှာဖန်တီးရိုက်ကူးခဲ့တဲ့ Dear Basketball Animated Short Film နဲ့ အော်စကာဆုကိုရရှိခဲ့တာဖြစ်ပါတယ်။Dear Basketball ဟာ သူ့ရဲ့ငယ်ဘ၀ အကြောင်းနဲ့ ဘတ်စကတ်ဘော အားကစားနည်းကိုချစ်မြတ်နိုးပုံကို အခြေပြုရိုက်ကူး ထားခဲ့တဲ့Animationကာတွန်းဇာတ်လမ်းတိုတစ်ပုဒ်ဖြစ်ပြီး(၅)မိနစ်သာကြာမြင့်ချိန်ရှိတဲ့ ကာတွန်းဇာတ်လမ်းတိုဖြစ်ပါတယ်။

အဆိုပါ Animation ကို ကစားသမားဘ၀မှ အနားယူသွားကြတဲ့ ဘတ်စကတ်ဘောကစားသမားတွေအကြောင်း ရေးသားထားတဲ့စာမူတွေမှ မှီငြမ်းကာဖန် တီးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ အကြိမ် (၉၀) မြောက်ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာDear Basketball Animation ဇာတ်လမ်းကိုဖန်တီးရေးသားခဲ့တဲ့ ကိုဘီဘရိုင်းယန့်အပြင် ရိုက်ကူးပုံဖော်ခဲ့တဲ့ဒါရိုက် တာ ဂလန်းကိန်းလည်း အော်စကာဆုကို ရယူနိုင်ခဲ့ပါတယ်။ ကိုဘီဘရိုင်းယန့်ဟာDear Basketball Animation   ဇာတ်လမ်းနဲ့ (၂၀၁၈) ခုနှစ်၊ အော်စကာဆုပေးပွဲမှာBest Animated Short Filmဆုကိုရရှိခဲ့သလို အမေရိကန် နိုင်ငံမှအကောင်းဆုံးAnimation ဇာတ်လမ်းအတွက်ပေးအပ်ချီးမြှင့်တဲ့ Annie Awardကိုလည်းရရှိခဲ့ပါတယ်။

NBAဘက်စကက်ဘောလောကရဲ့ ဂန္တ၀င်ကစားသမားတစ်ဦး လည်းဆိုနိုင်တဲ့ ကိုဘီဘရိုင်းယန့်ဟာLA Lakers အသင်းနဲ့ NBA ချန်ပီယံဆု (၆) ကြိမ်အထိ ရရှိခဲ့သလို တစ်ဦးချင်းလည်းအောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ အမေရိကန်လက်ရွေးစင် ဘက်စကက်ဘောကစားသမားဟောင်းတစ်ဦးဖြစ်ပြီး (၂၀၁၅) ခုနှစ်၊ နိုဝင်ဘာလ(၂၉) ရက် နေ့မှာ ကစားသမားဘ၀မှာအနားယူကြောင်းကြေညာခဲ့သူဖြစ်ပါတယ်။

 

 

Related News