ဟောလိဝုဒ်ရုပ်ရှင်လောကမှာအောင်မြင်မှုမှတ်တိုင်များစွာ စိုက်ထူထားခဲ့တဲ့ သရုပ်ဆောင် ဝေလ်စမစ်ဟာ လာမယ့်ကမာ်္ဘ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖျော်ဖြေမှုတွေပြုလုပ်ဖို့ရှိနေတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာကျင်းပပြုလုပ်မယ့် ကမာ်္ဘ့ဖလားပြိုင်ပွဲဟာ ဇွန်လ (၁၄) ရက်မှာ စတင်ယှဉ်ပြိုင် ကစားမှာဖြစ်ပြီး ပြိုင် ပွဲအတွက် ရည်ညွှန်းရေးစပ်ထားတဲ့ တေးသီချင်း (၅) ပုဒ်ရှိနေတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှ တေးသီချင်း (၅) ပုဒ်မှာ အမေရိကန်အဆိုတော်ဂျေဆန်ဒီရူလိုရဲ့ Colors၊ ကိုလံဘီယာအဆိုတော်ဂျေဘဲလ်ဗင်နဲ့ ဟေတီနိုင်ငံသား DJသမား မိုက်ကယ်ဘန်းလ်တို့ဖန်တီးထားတဲ့ ပေါ်စီတီဗို၊ နာမည်ကြီးအမေရိကန်DJသမားDiplo ရဲ့Live It Up စတဲ့တေးသီချင်းတွေ ပါဝင်နေပါတယ်။

အဆိုပါတေးသီချင်းတွေမှ ဝေလ်စမစ်ဟာ Diplo ငစူသ ရဲ့Live It Up သီချင်းကို သီဆိုမှာဖြစ်ပြီး သူနဲ့အတူနာမည်ကြီးအမေရိကန်အဆိုတော် နစ်ကီဂျမ်း၊ အယ်ဘေးနီးယား အဆိုတော် အယ်ရာစထရာဖီတို့လည်းသီဆိုဖြေဖျော်မှာဖြစ်ပါတယ်။ Diplo ရဲ့Live It Upသီချင်းကို လာမယ့်မေလ (၂၅)ရက်၊ သောကြာနေ့မှာ စတင်ထုတ်ဝေသွားမှာဖြစ်ပြီး အဆိုပါသီချင်းကို ဝေလ်စမစ်၊ နစ်ကီဂျမ်းနဲ့ အယ်ရာစ ထရာဖီတို့ဟာ ဇူလိုင်လ (၁၅) ရက်မှာကျင်းပမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မတိုင်မီမှာ ဗိုလ်လုပွဲကိုကျင်းပမယ့် လူစင်နီကီ အားကစားကွင်းမှာသီဆိုဖြေဖျော်သွားမှာဖြစ်ပါတယ်။

ဝေလ်စမစ်ကတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာဖျော်ဖြေခွင့်ရရှိခဲ့တာဟာ ဂုဏ်ယူဖွယ်ကောင်းတဲ့အရာဖြစ်ပြီး တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ ပွဲတစ်ခုဖြစ်တာ ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှလူတွေအတွက် အားပေးစရာ၊ ပျော်စရာရွင်စရာတွေနဲ့ ထူးဆန်းတဲ့အတွေ့အကြုံ တွေယူဆောင်လာမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ ဝေလ်စမစ်ဟာ အနုပညာလောကမှာ အောင်မြင်မှတ်တိုင်များ စွာစိုက်ထူထားသူဖြစ်ပြီး အကောင်းဆုံးရုပ်ရှင်နဲ့ ဖလင်ဆုအတွက်ပေးအပ်တဲ့ Golden Globe Awards ဆု(၅)ဆု၊ အော်စကာဆု(၂)ဆုနဲ့ ဂရမ်မီဆု(၄) ဆုထိရရှိထားသူဖြစ်ပါတယ်။  

 

 

Related News