ပေကျင်းမှ မယ်လ်ဘုန်းသို့ ပျံသန်းလာသော လေယာဉ်တစ်စီးပေါ်တွင် သြစတေးလျအမျိုးသမီးတစ်ဦး ၄င်း၏ ဘက်ထရီပါဝင်သောနားကြပ်ရုတ်တရက်ပေါက်ကွဲပြီး မျက်နှာမီးသင့်ခံခဲ့ရကြောင်း သြစတေးလျလေကြောင်း လုံခြုံရေး စုံစမ်းစစ်ဆေးသူများက ယမန်နေ့ကပြောကြားခဲ့သည်။ အမည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသည့် အဆိုပါအမျိုးသမီး မှာ နားကြပ်များတပ်ကာအိပ်မောကျနေခဲ့ကြောင်းနှင့် လေယာဉ်ပျံသန်းချိန် နှစ်နာရီခန့်ကြာမြင့်သည့်အချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လန့်နိုးသွားခဲ့ကြောင်း သြစတေးလျခရီးသွားလာမှုလုံခြုံရေးဗျူရိုက ဖေဖေါ်ဝါရီလ ၁၉ ရက်အဖြစ်အပျက်အကြောင်း ပြောကြားခဲ့သည်။

၎င်းအမျိုးသမီးက သူမ၏မျက်နှာအားမီးဟပ်ခဲ့ ကြောင်း ပြောကြားခဲ့သည်။ “ကျွန်မမျက်နှာကို ဆွဲဖယ်လိုက်တဲ့အတွက် နားကြပ်ဟာ ကျွန်မရဲ့လည်ပင်းပေါ် လျှောကျသွားခဲ့ပါတယ်။” ဟု အဆိုပါအမျိုးသမီးကပြောကြားခဲ့ကြောင်းနှင့် “အပူလောင်မှုကိုဆက်လက်ခံစားနေရတဲ့ အတွက် နားကြပ်တွေကို ဆွဲချွတ်ပြီး ကြမ်းပြင်ပေါ်ပစ်ချလိုက်ပါတယ်။” ဟု ၄င်းက ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နားကြပ်များကိုလေတစ်ခွက်ဖြင့်လောင်းချလိုက်ကြောင်းနှင့် ဘက်ထရီနှင့် အဖုန်းတို့မှာအရည်ပျော်ကာ လေယာဉ်ကြမ်းပြင်ပေါ်ကပ်သွားခဲ့ကြောင်း သိရသည်။

ကျန်ရှိသောခရီးစဉ်အတွင်း ခရီးသည်များ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်းများဖြစ်ပွားခဲ့ကြောင်း ၄င်းအမျိုးသမီးကပြောကြားခဲ့သည်။ နားကြပ်များအတွင်းရှိဘက်ထရီကြောင့် မီးလောင်ပေါက်ကွဲမှုဖြစ်စေခဲ့သည်ဟု ယူဆရကြောင်း ခရီးသွားလာမှုလုံခြုံရေးဌာနက ပြောကြားခဲ့သည်။ ၄င်းတို့ဌာနအနေဖြင့် နားကြပ်၏ အမှတ်တံဆပ်ကို ထုတ်ဖေါ်မပြောရန်ဆုံးဖြတ်ခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြဿနာမှာ ဘက်ထရီများကြောင့်ဖြစ်ရသည်ဟုယူဆရသည့်အတွက်ဖြစ်သည်ဟု ဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။ 

 

 

Related News