ဂရိနိုင်ငံမှာ တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းပြန်နည်းလာပေမဲ့ ပြည်သူတွေကတော့ စိုးရိမ်မှုတွေရှိနေသေးလို့ ဆေးဝါးတွေ၊ မျက်နှာဖုံးတွေဝယ်ယူနေကြပါတယ်။ဂရိနိုင်ငံမှာ တုပ်ကွေးရောဂါဆက်ပြီးပျံ့နှံ့နေလို့ တုပ်ကွေးကာကွယ်ဆေးတွေ၊ မျက်နှာဖုံးတွေနဲ့ ဆေးဘက်ဆိုင်ရာလက်အိတ်တွေ ရောင်းအားကောင်းနေပါတယ်။ (၂၀၁၈)နှစ်၊ အောက်တိုဘာမှာ ဂရိနိုင်ငံရဲ့တုပ်ကွေးရာသီစတင်ခဲ့ပြီး လက်ရှိမှာရောဂါဖြစ်ပွား နှုန်းလျော့ကျလာပေမဲ့ မကြာသေးခင်ကမိုးရွာမှုတွေနဲ့ အပူချိန်ကျဆင်းမှုတွေအပေါ် ပြည်သူတွေစိုးရိမ်နေကြပြီး ကြိုတင်ကာကွယ် တဲ့အနေနဲ့ ဆေးဝါးတွေအပြင် တခြားပစ္စည်းဝယ်ယူမှုတွေများလာတာပါ။

ဂရိနိုင်ငံမြို့တော် အေသင်ကဆေးဆိုင်တစ်ခုမှာ မတ်လ အစောပိုင်းကတည်းက မျက်နှာဖုံး(၁၀၀)ကျော်ရောင်းခဲ့ပြီး ဒါဟာပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်၊ မတ်လကထက် ပုံမှန်ရောင်းအားထက် (၁၀)ဆနီးပါးပိုများခဲ့ပါတယ်။ ပုံမှန်ဆိုမျက်နှာဖုံး(၁၀)ခု၊ (၁၅)ခုလောက်ရောင်းရပေမဲ့ တုပ်ကွေးရောဂါကြောင့် အများကြီးရောင်း ခဲ့ရတယ်လို့ ဆေးဝါးကျွမ်းကျင်သူ မာရီနာက ပြောပါတယ်။ ဒါ့အပြင် တုပ်ကွေးကာကွယ်ဆေးတွေလည်း (၂၀၁၈)ခုနှစ်ကထက် (၃)ဆကျော်ပိုရောင်းခဲ့ရပြီးကလေးတွေအတွက်ချောင်းဆိုးပျောက်ဆေးနဲ့ အဖျားပျောက်ဆေးတွေအဓိကရောင်းနေရတာပါ။ တုပ် ကွေးရာသီနောက်ကျခဲ့မယ်ဆိုရင် တုပ်ကွေးဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်မယ့်အကောင်းဆုံးနည်းလမ်းက ကာကွယ်ဆေး ထိုးတာလို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ အခုနှစ်မတ်လအထိ တုပ်ကွေးနဲ့ဆက်စပ်ရောဂါတွေကြောင့် သေဆုံးသူ(၁၁၈)ဦးရှိ ခဲ့တယ်လို့ ဂရိရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ(HCDCP)ကပြောပါတယ်။

 

 

Related News