တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းကို (၁၅)မိနစ်လောက်ကြာအောင် လေဆင်နှာမောင်းတစ်ခုဝင်ရောက်ခဲ့လို့ အပျက်အစီး ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းလျောင်နင်းပြည်နယ်၊ ခိုင်ယွမ်မြို့ကို အင်အားပြင်းလေဆင်နှာမောင်းတစ်ခုဝင်ရောက်ခဲ့လို့ လူ(၆) ဦးသေဆုံးပြီး နောက်ထပ်လူ(၁၉၀)ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတယ်လို့ လည်း ပြောပါတယ်။ လေဆင်နှာမောင်းက ဂျင်ဂေါင်ဇီမြို့နယ်မှာ စတင်ဖြစ်ပေါ်ခဲ့ပြီး စက်မှုဇုန်ကို ဖြတ်ကာ တောင်ဘက်ကိုရွေ့လျားခဲ့တာပါ။ လေဆင်နှာမောင်းကြောင့် စက်မှုဇုန်ထဲက စက်ရုံဒါဇင်ချီပျက်စီးခဲ့ပြီး သတ္တုပြားတွေ ကွေးကောက်ကုန်တဲ့အပြင် နေရာတိုင်းမှာလွင့်စင်နေတာပါ။ လေဆင်နှာမောင်းဖြစ်ပွားချိန်က (၁၅)မိနစ်ဝန်းကျင်ကြာမြင့်ခဲ့ပြီး မိုးနဲ့မိုးသီးကြွေကျမှုတွေလည်းဖြစ်ပေါ်ခဲ့သလို တိုက်ခန်းတွဲတွေ၊ စက်ရုံ အဆောက်အအုံတွေနဲ့ ဓာတ်အားလိုင်းတွေပျက်စီးခဲ့ပါတယ်။ အပျက်အစီးတွေကိုတော့ ဒေသအာဏာပိုင်တွေကစစ်ဆေးနေပြီး ပျက်စီးခဲ့တဲ့ အဆောက်အအုံတွေအောက်ကနေ လူ (၂၁၀)ဦးကိုကယ်ထားနိုင်ခဲ့တယ်လို့ မြို့အစိုးရကပြောပါတယ်။ လေဆင်နှာမောင်းကြောင့် လူနေဒေသ တော်တော်များများမှာ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီး ပိတ်မိနေတဲ့ဒေသခံတွေနဲ့ ဒဏ်ရာရသူတွေကိုရှာဖွေကယ်ဆယ်ဖို့ ကယ်ဆယ်ရေးသမားတွေ စေလွှတ်ထားပါတယ်။

 

 

Related News