တူရကီရဲ တပ်ဖွဲ့ဟာ အိုင်မာမြို့အနောက်ပိုင်းကို ၀င်ရောက်စီးနင်းချိန်မှာ  နှစ်သစ်ကူးညမှာ အစ္စတန်ဘူလ်မြို့ နိုက်ကလပ်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့သူနဲ့ ဆက်နွယ်သူလို့ သံသယရှိ ၂၇ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ တူရကီရဲတပ်ဖွဲ့ဝင်တွေဟာ အိုင်မာမြို့ အနောက်ပိုင်းကို ၀င်ရောက်စီးနင်းချိန်မှာ အစ္စတန်ဘူလ်မြို့တော်မှာရှိတဲ့ ရီနာ နိုက်ကလပ် ကို သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်သူနဲ့ ဆက်နွယ်သူလို့ သံသယရှိသူ ၂၇ ဦးကိုဖမ်းဆီးခဲ့တယ်လို့ တူရကီအစိုးရတာဝန် ရှိသူတွေက ပြောပါတယ်။ အဓိက သံသယရှိသူ သေနတ်သမားကို  စုံစမ်းရှာဖွေနေချိန်မှာ သေနတ်သမားနဲ့ ဆက်နွယ်သူတွေလို့ သံသယရှိသူတွေကို ဖမ်းခဲ့တာဖြစ်ပြီးဖမ်းဆီးတဲ့အထဲမှာ  အမျိုးသမီးနဲ့ကလေးငယ်တွေ ပါဝင်တယ်လို့ တူရကီနိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။

အကြမ်းဖက်တိုက်ခိုက်ခဲ့သူဟာ ဆီးရီယားနိုင်ငံကနေ တူရကီနိုင်ငံထဲကို  ၀င်ရောက်ခဲ့သူဖြစ်ပြီး ဆီးရီး ယားမှာ တိုက်ခိုက်ရေးသင်တန်း တက်ရောက်ခဲ့ဖူးသူ ဖြစ်တယ်လို့ တူရကီ လုံခြုံရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ အိုင်အက်စ်အဖွဲ့ကတော့ သေနတ်သမားဟာ သူတို့ထဲကတစ်ဦးဖြစ်ပြီး နိုက်ကလပ်ကို တိုက်ခိုက်မှုဟာ သူတို့ လက်ချက်လို့ ပြောထားပါတယ်။ နိုက်ကလပ်တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေတဲ့  တူရကီရဲတပ်ဖွဲဟာ အစ်္စတန်ဘူလ်လေဆိပ်မှာ နိုင်ငံခြားသား နှစ်ဦးအပါဝင် လူဒါဇင်ချီ ဖမ်းဆီးခဲ့ပြီးဖြစ်ပါတယ်။

 သေနတ်သမားဟာ တူရကီနိုင်ငံ ထဲဝင်ရောက်ဖို့ ဇနီးဖြစ်သူ နဲ့ ကလေး နှစ်ဦးကို အသုံးချခဲ့တယ်လို့ မီဒီယာတစ်ခုက ဖော်ပြထားပါတယ်။ တူရကီနိုင်ငံ၊ အစ်္စတန်ဘူလ်မြို့က နိုင်ငံခြားသားတွေ အသွားများတဲ့ ရီနာ နိုက်ကလပ်ထဲ နှစ်သစ်ကူးညက သေနတ်ပစ်ခတ်မှုမှာ လူပေါင်း ၃၉ ဦးသေဆုံးပြီး ၆၀ နီးပါးဒဏ်ရာ ရခဲ့ပါတယ်။ 

 

Related News