ထိုင်းနိုင်ငံတောင်ပိုင်းရဲ့ နေရာတော်တော်များများမှာ  ဖြစ်ပွားနေတဲ့ မိုးသည်းရေကြီးမှု တွေကြောင့် သေဆုံးသူ (၂၁)ဦးအထိ ရှိလာတယ်လို့ ထိုင်းအာဏာ ပိုင်တွေက ပြောပါတယ်။ မိုးသည်းမှု ဆက်ရှိနိုင်သေးတယ်လို့လည်း ထိုင်းမိုးလေ၀သဌာနက ပြောထားပါတယ်။ရေကြီးမှုကြောင့် ပျက်စီဆုံးရှုံးမှုဖြစ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မိုးသည်းမှုရက်ဆက်နေလို့ လူ(၂၁)ဦး သေဆုံးပြီး  အိမ်ခြေ ထောင်ချီဟာ ရေလွှမ်းခံနေရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ တစ်ချို့ဒေသတွေမှာ အိမ်ခေါင်မြုပ်တဲ့အထိ ဖုံးလွှမ်းနေတဲ့ရေကြီးမှုကြောင့် နိုင်ငံတောင်ပိုင်းခရိုင်ဆယ်ခုက ဒေသခံတစ်သန်းကျော်ဟာ ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော် ကတည်းက  ရေဘေးဒဏ်ခံနေရတယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။

ရေကြီးမှုကြောင့်  လမ်းမကြီးတွေ၊  လယ်ကွင်းတွေကို ရေလွှမ်းမိုးပြီး ဒေသတွင်း စာသင်ကျောင်း (၁၅၀၀)ကျော်လည်း ပျက်စီးနေပါတယ်။ မိုးသည်းမှုဟာ နောက်ထပ် ၂ ရက်အထိ ဆက်ရှိနိုင်လို့ ရေကြီးရေလျှံမှုတွေပိုဖြစ်လာနိုင်တယ်လို့ ထိုင်းနိုင်ငံမိုးလေ၀သဌာနက သတိပေးထား ပါတယ်။ ဒေသတွင်းစစ်စခန်းတွေအနေနဲ့ ရေဘေးသင့်ပြည်သူတွေကို ဘေးလွှတ်ရာရွေ့ပြောင်းတာ၊ ယာယီ တည်းခိုစရာ တွေထောက်ပံ့တာတွေနဲ့အရေးပေါ် အကူအညီတွေပေးနေတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ နခုန် စီ သာမရက် ခရိုင်မှာတော့ ရေကြီးမှုကြောင့် အိမ်တွေထဲမှာ ပိတ်မိနေသူတွေကို အစားအစာနဲ့ရေတွေပေးဖို့ စစ်ဘက်သုံး ရဟတ်ယာဉ် ၂ စင်းကို အသုံးပြုနေ တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ အခုလို မုတ်သုန်မိုးရွာပြီး ရေကြီးနေချိန်ဟာ ထိုင်းနိုင်ငံထဲက အပန်းဖြေကမ်းခြေ စခန်းတွေကို ခရီးသွားဧည့်သည်တွေ ၀င်ရောက်နေချိန်ဖြစ်လို့ နိုင်ငံ့စီးပွားရေးရဲ့အရေးပါတဲ့ခရီးသွားကဏ္ဍကိုလည်း ထိခိုက်မှု ရှိနေစေပါတယ်။ 

 

Related News