တရုတ်စစ်တပ်ရဲ့ လေယာဉ်တွေဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လေကြောင်းကာကွယ်ရေးဇုန် အတွင်းကို ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ပြောလိုက်ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ တောင်တရုတ်ပင်လယ် လေတပ်က လေယာဉ်တွေ စစ်ရေးလေ့ကျင့်မှုပြုလုပ်ပြီးနောက်မှာ တောင်ကိုရီးယားရဲ့ပြောဆိုမှု ထွက်ပေါ်လာတာလည်းဖြစ်ပါ တယ်။

တရုတ်စစ်ဘက်လေယာဉ်ဆယ်စင်းနီးပါးဟာ တောင်ကိုရီးနိုင်ငံ၊ ဂျယ်ဂျူးကျွန်းတောင်ပိုင်းက လီဒိုသန္တာကျောက်တန်းနားမှာ ဇန်န၀ါရီလ(၉)ရက်မနက်ပိုင်းမှာ ပေါ်လာခဲ့တယ်လို့ တောင်ကိုရီးယားဘက်ကပြောလိုက်ပါတယ်။ အဲ့ဒီ့နေရာဟာ တောင်ကိုရီး ယားရဲ့လေကြောင်း ပိုင်နက်လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ပျံသန်းမှုခွင့်ပြုချက်ကို တောင်ကိုရီးယား ကြည်း၊ရေ၊ လေတပ်ဖွဲ့ ကွပ်ကဲရေးဥက္ကဋ္ဌကို ကြိုတင်သတိပေးချက်မရှိဘဲ  တောင်ကိုရီးယားလေပိုင်နက်ကို ချိုးဖောက်ခဲ့တယ်လို့ တောင်ကိုရီးယား ဘက်က ပြောပါတယ်။

တရုတ်လေယာဉ်တွေဟာ အဲ့ဒီ့နေ့ နေ့လည် ၃ နာရီမတိုင်ခင်အထိ တောင်ကိုရီးယာလေပိုင်နက်ထဲ အကြိမ်ကြိမ်ပျံသန်းခဲ့တယ်လို့ သိရပါတယ်။  တောင်ကိုရီးယားလေတပ်ဟာ တရုတ်ရဲ့ကျူးကျော်မှုကို ထိပ်တိုက်ရင်ဆိုင်ဖို့  F-15K နဲ့ KF-16  တိုက်လေယာဉ်တွေအပါအ၀င် တိုက်လေယာဉ်ဆယ်စီးဝန်းကျင်ကို ချက်ချက် ပျံတက်စေခဲ့တယ်လို့ သိရပါတယ်။ လုပ်ထုံးလုပ်နည်းအရ တောင်ကိုရီးယားဟာ တရုတ်လေယာဉ် တွေကို နယ်ကျွံလာတဲ့အကြောင်း သတိပေးခဲ့တယ်လို့ KBS သတင်းဌာန သတင်းဖော်ပြပါတယ်။  

တရုတ်လေယာဉ်တွေဟာ ပြည်မကြီးကနေပျံသန်းလာတာလား ဒါမှမဟုတ် ကုန်းတွင်း ပိုင်းကပြန်သန်းလာတာလား ဒါမှမဟုတ် လေယာဉ်တင်သဘောင်္ပေါ်ကနေ ပျံသန်းလာ သလားဆိုတာ အတည်မပြုနိုင် သေးဘူးလို့ တောင်ကိုရီးယား စစ်ဘက်အရာရှိတစ်ဦးက ပြောပါတယ်။ တရုတ်လေယာဉ်တင်သင်္ဘော လောင်နင်ဟာ(၂၀၁၆) ခုနှစ် နှောင်းပိုင်းကတည်းက ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နဲ့တောင်တရုတ်ပင်လယ်တွေမှာ လေယာဉ်ပျံသန်းမှုနဲ့ ဆင်းသက်မှု လေ့ကျင့်ခန်းတွေလုပ်ဆောင်နေတာပါ။ 

 

Related News