ဥရောပအလယ်ပိုင်းမှာဖြစ်ပွားတဲ့ နှင်းမုန်တိုင်းနဲ့ ရာသီဥတုအေးခဲမှုတွေကြောင့် သေဆုံးသူ ၂၅ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ သေဆုံးသူအများဆုံးက ပိုလန်နိုင်ငံမှာဖြစ်ပါတယ်။ဥရောပအလယ်ပိုင်းမှာ နှင်းခဲတွေနဲ့နှင်းမုန်တိုင်းတွေပြင်းပြင်းထန်ထန်ကျဆင်းပြီး ပတ်ဝန်းကျင် အေးခဲမှုကြောင့် လူ(၂၅)ဦးထက် မနည်းသေဆုံးမှုရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အကျော်မှာပဲ အအေးလွန်ကဲမှုကြောင့် ပိုလန်နိုင်ငံမှာ လူ(၁၇)ဦးသေဆုံးပြီး နိုဝင်ဘာလကတည်းက ဆိုရင် သေဆုံးသူ စုစုပေါင်း(၆၅)ဦးရှိထိရှိနေပြီဖြစ်ပါတယ်။

အပူချိန်အနုတ်(၃၀)ဒီဂရီဆဲစီးရပ် ထိအောင် ကျဆင်းနေတဲ့ချက်နိုင်ငံမှာ အိုးအိမ်မဲ့ပြည်သူတွေအများစုက ဒီရာသီဥတုရုတ် တရက်အေးခဲလာမှုရဲ့ သားကောင် ဖြစ်လာနေပါတယ်။ ဘူဂေးရီးယားနိုင်ငံမှာ နှင်းတွေကျပြီး လေပြင်းတွေတိုက်ခတ်မှုနေလို့ လမ်းတွေပိတ်ပြီး အိမ်ခြေခုနစ်သောင်း ငါးထောင်ကျော် လျှပ်စစ်မီး ပြတ်တောက်တာနေပါတယ်။

တချို့နေရာတွေမှာ နှင်းတွေကျတာတွေဟာ နှစ်ရက်ကျော်နေပြီဖြစ် ပါတယ်။ ရာသီဥတုအေးခဲမှု ဖြစ်ပွားနေတဲ့ ဥရောပအလယ်ပိုင်းက တခြားနေရာတွေမှာလည်း ဒါဇင်ချီတဲ့လေယာဉ်ခရီးစဉ်တွေ၊ ကြိုပို့ယာဉ်ခရီးစဉ်တွေနဲ့ ရထားခရီးစဉ်တွေကို ဖျက်သိမ်းထားရပြီး အီတလီနိုင်ငံမှာတော့ ရာသီဥတုကြောင့် ခရီးသွားလာရေး အစီအစဉ်တွေ ကမောက်ကမ ဖြစ်ကုန်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အအေးလွန်ကဲမှုဟာ ရက်အတော်ကြာ ဆက်လက် ဖြစ်နိုင်ချေရှိတယ်လို့ မိုးလေ၀သ ပညာရှင်တွေက ခန့်မှန်းထားပြီး အီတလီနိုင်ငံတောင်ပိုင်းမြို့တွေမှာ ပုံမှန်မဟုတ်တဲ့ နှင်းကျမှု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဥရောပကို ၀င်ရောက်ဖို့ကြိုးပမ်းတဲ့ ရွှေ့ပြောင်းတွေထဲမှာ အအေးဒဏ်ကြောင့် သေဆုံးမှုတွေ ရှိနေတယ်လို့ ဥရောပသတင်းတွေက ဆိုပါတယ်။ 

 

Related News