နာမည်ကျော် ရုပ်သံအစီအစဉ်တင်ဆက်သူ ကောက်ကြောင်းအလှများဖြင့် ထင်ရှားကျော်ကြားသူ ကင်မ်ကာဒါရှီယန် သည် ပါရီမြို့၌ ဓားပြတိုက်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး သံသယရှိဖွယ် သသသလူ ၁၆ ဦးကို ပြင်သစ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ မျက်နှာဖုံးစွပ်ထားသည့် ဓားပြများသည် ယမန်နှစ် အောက်တိုဘာ ၃ ရက်က ပါရီမြို့ရှိ ဇိမ်ခံတိုက်ခန်း တစ်ခုတွင် ကင်မ်ကာဒါရှီယန် အိပ်ပျော်နေစဉ် သူမ၏အခန်းတွင်းသို့ ဝင်ရောက်ခဲ့ကာ သေနတ်ထောက်ပြီး လက်စွပ်တစ်ကွင်းနှင့် အမေရိကန်ဒေါ်လာ ၁၁ သန်း တန်ဖိုးရှိ လက်ဝတ်ရတနာများကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ 

ပြင်သစ်ရဲတပ်ဖွဲ့က ပါရီမြို့အပါအဝင် နေရာဒေသအချို့တွင် ဇန်နဝါရီ ၉ ရက်၌ စီးနင်းဖမ်းဆီးမှုအတွင်း ၎င်းတို့ကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပြီး အများစုသည် အသက် ၅၀ ကျော်အရွယ်များဖြစ်ကာ အမျိုးသမီး ၃ ဦးလည်း ပါဝင်ကြောင်း သိရသည်။ ဓားပြတိုက်သူများသည်  စက်ဘီးစီးပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းလည်းဖြစ်သည်။ ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည့် တိုက်ခန်းနေရာတွင် DNA မှတစ်ဆင့်တွေ့ရှိရသည့် သဲလွန်စများအား ခြေရာခံပြီးနောက် သံသယရှိသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

Related News