Yahoo ကုမ္ပဏီက ထုတ်ြပန်ကြေညာချက်အရ ၁၉၉၄ ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် ကမ္ဘာကျော်အင်တာနက်ကုမ္ပဏီ Yahoo ကို Altaba အဖြစ် နာမည်သစ် ပြောင်းလဲလိုက်ကြောင်းနှင့် စီအီးအိုဖြစ်သူ မာရီဆာမေယာသည် ဒါရိုက်တာအဖွဲ့မှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Yahoo ၏ ဒါရိုက်တာ ၅ ဦးသည်လည်း နုတ်ထွက်သွားမည် ဖြစ်ကြောင်းလည်း ဇန်န၀ါရီ ၉ ရက်တွင် Yahoo က ထုတ်ပြန်ပြောကြားခဲ့သည်ဟု သိရသည်။

Yahoo ကုမ္ပဏီ၏ အဓိက အင်တာနက်လုပ်ငန်းကို Verizon ဆက်သွယ်ရေးကုမ္ပဏီက ဝယ်ယူရန် လုပ်ဆောင်နေမှုသည် အပြီးသတ်ရန် နီးစပ်လာချိန်တွင် Yahoo က ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ဒစ်ဂျစ်တယ်ကြော်ငြာစနစ်၊ အီးမေးလ်နှင့် မီဒီယာပိုင်ဆိုင်ခွင့်များအပါအဝင် Yahoo ၏ အဓိကကျသည့် အင်တာနက်လုပ်ငန်းကို Verizon က အမေရိကန်ဒေါ်လာ ၄.၈၃ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီထားခြင်း ဖြစ်သည်။ သို့သော်လည်း ၂၀၁၆ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် Yahoo ၏ အချက်အလက်များပေါက်ကြားခဲ့မှု ၂ ခုကြောင့် ယခု အရောင်း အဝယ်ကိစ္စမှာ အပြောင်းအလဲရှိနိုင်ကြောင်း လည်း သတင်းများထွက်ပေါ်နေလျက်ရှိသည်။ Altaba ကုမ္ပဏီ၏ အဓိက ပိုင်ဆိုင်သူများမှာ တရုတ်လုပ်ငန်းစု Alibaba Group က ၁၅ ရာခိုင်နှုန်းနှင့် Yahoo Japan က ၃၅.၅ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ Yahoo မှ Altaba အဖြစ်ပြောင်းလဲပြီးနောက် ကုမ္ပဏီ၏ဥက္ကဋ္ဌအဖြစ် အဲရစ်ဘရန့် မှတာဝန်ယူဆောင်ရွင်မည်ဖြစ်ကြောင်း သိရသည်။ 

Related News