တရုတ်နိုင်ငံဟာ နိုင်ငံအတွင်းဖြစ်ပွား နေတဲ့ မီးခိုးမြူညစ်ညမ်းမှုကို တိုက်ဖျက်နေချိန်မှာပဲ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအစီအစဉ်တွေလုပ်ဆောင်နေပါတယ်။ မီးခိုးမြူလျှော့ချရေးစီမံချက်တွေ အတွင်း စည်းကမ်းချိုးဖောက်သူ ၇၀၀ ကျော်ကို အရေးယူလိုက်ပြီလို့ တရုတ်အစိုးရက ပြောပါတယ်။ တရုတ်အစိုးရဟာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ ဥပဒေကိုချိုးဖောက်မှုအတွက်  လူပေါင်း ၇၂၀  ထိန်းသိမ်းခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ ဒါ့ပြင် ဥပဒေချိုးဖောက်သူတွေကို အမေရိကန်ဒေါ်လာ ၂၁ .၈ သန်း ဒဏ်ရိုက်ခဲ့ တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။ တရုတ်နိုင်ငံဟာ  ဆယ်စုနှစ်ချီ စီးပွားရေးဖွံဖြိုး တိုးတက်လာပြီး နောက် ရေထု၊လေထုနဲ့မြေထု ထိခိုက်ခဲ့လို့ လေထုညစ်ညမ်းမှုတိုက်ဖျက်တာတွေ လုပ်ဆောင် နေရပါတယ်။

တရုတ်နိုင်ငံဟာ အိမ်အတွင်းမှာပဲနေထိုင်ကြပါဖို့ အပါဝင်  လေထုညစ်ညမ်းမှု သတိပေးချက်တွေ ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့ရတာပါ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအတွက် ၂၀၁၆ ခုနှစ် အတွင်း လူ ၇၂၀ ကို ထိန်းသိမ်းခဲတယ်လို့ ဆင်ဟွာသတင်း ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေကြောင့်  အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ တန်ဖိုးရှိ စီမံကိန်း ၁၁ ခု ကို ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။  တရုတ်အစိုးရဟာ ပြီးခဲ့တဲ့ နှစ် အတွင်း သဘာဝပတ်ဝန်းကျင် ချိုးဖောက်မှု နဲ့ ဆိုင်တဲ့အ မှုပေါင်း ၁၃၁၂၇ အတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂၁.၈ သန်းဒဏ်ရိုက်ခဲ့ပါတယ်။ ကား၊ ဆိုင်ကယ်တို့ကြောင့် ကာဗွန်ထုတ်လွှတ်မှုကနေဖြစ်တဲ့ လေထု ညစ်ညမ်းဆိုင်ရာအမှု တစ်သောင်းကျော်ရှိခဲ့တယ်လို့သိရပါတယ်။ နှစ်သစ်ကူးအားလပ်ရက်က တရုတ်နိုင်ငံမြောက်ပိုင်းမှာ လေထုညစ်ညမ်းမှုတွေကြောင့် လေယာဉ် ခရီးစဉ်တွေနဲ့ အဝေးပြေးလမ်းမကြီးတွေ ပိတ်ခဲ့ ရပါတယ်။ 

Related News