ပျောက်ဆုံးနေတဲ့ MH370  လေယာဉ်နဲ့ ပတ်သက်တဲ့ စုံစမ်းရှာဖွေမှုဆိုင်ရာ အစီရင်ခံစာကို ၂၀၁၈ခုနှစ် နှစ်ဆန်းပိုင်းမှာထုတ်ပြန်သွားမယ်လို့ မလေးရှားသယ်ယူပို့ဆောင်ရေး ၀န်ကြီးကပြောပါတယ်။ ထုတ်ပြန်မယ့်အစီရင်ခံစာထဲမှာ စုံစမ်းမှု ရလဒ်တွေအပြင် မလေးရှား ပြည်တွင်းလေကြောင်း ဘေးကင်းရေးအကြံပြုချက်တွေ ထည့်သွင်းသွားဖို့ ရှိပါတယ်။မလေးရှားလေကြောင်းလိုင်းကပျောက်ဆုံးနေတဲ့ MH370  လေယာဉ် စုံစမ်းရှာဖွေမှုနဲ့ ပတ်သက်တဲ့ နောက်ဆုံးအစီရင်ခံစာကို လာမယ့်နှစ်ဇန်န၀ါရီလ(၁၇)ရက့်မှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

 အစီရင်ခံစာထုတ်ပြန်မယ့်ရက်ဟာ လေယာဉ်ရှာဖွေမှုကို ဆိုင်းငံ့ခဲ့တဲ့ ဇန်န၀ါရီလ (၁၇) ရက်ကနေဆိုရင် တစ်နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာ လေကြောင်းထိန်းချုပ်မှု နဲ့ပက်သက်ပြီး စုံစမ်းမှုရလဒ်တွေပါဝင်မယ်လို့ မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးလူတောင်လိုင် ကပြောပါတယ်။ စုံစမ်း စစ်ဆေးလို့ရတဲ့  ရလဒ်တွေကိုအခြေခံပြီး စုံစမ်းရေးအဖွဲ့ဟာ အသေးစိတ် အစီရင်ခံစာထုတ်ပြန်သွားမှာဖြစ်တယ်လို့ ၀န်ကြီးက ပြောပါတယ်။

ဒါ့အပြင် မလေးရှားပြည်တွင်း လေကြောင်းလိုင်း ဘေးအန္တာရယ်ကင်းအောင်အကြံပြုတာတွေပါ အစီရင်ခံစာထဲ မှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ လေယာဉ်ရှာဖွေမှုနဲ့ ပက်သက်တဲ့အရေးကြီးတဲ့ သတင်းအချက်လက် တွေကို အစိုးရက ဖုံးဖိသွားဖွယ်ရှိတယ်ဆိုတဲ့သတင်းထွက်မှုကို ၀န်ကြီးက ငြင်းဆိုခဲ့ပါတယ်။ မလေးရှားအစိုးရဟာ လေယာဉ်ပျောက်ကိုရှာဖို အမေရိကန်ဒေါ်လာ (၁၀၂) သန်းသုံးစွဲခဲ့ပါတယ်။ြံ၃၇၀ လေယာဉ်ဟာ ကွာလာလမ်ပူမြို့ကနေ ဘေဂျင်းမြို့ကို ပျံသန်းစဉ် ၂၀၁၄ ခုနှစ်တည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ 

 

Related News