ရေခဲဖြတ်ကျော် သင်္ဘောတွေနဲ့ ပင်လယ်ခရီးလှည့်လည်ဖို့၊ ရေခဲပင်လယ်ပေါ်လမ်းလျှောက်ဖို့နဲ့ ရေခဲပြားတွေကြား အေးခဲနေတဲ့ ရေထဲရေကူးဖို့ ကမ္ဘာတစ်လွှားက ကမ္ဘာလှည့်ခရီးသည်တွေဟာ ဆွီဒင်နိုင်ငံ ကာလစ်ဇ်ဒေသက ပင်လယ်ကျွန်းစုကို လာနေကြပြီဖြစ်ပါတယ်။ ကျွန်းကိုလာကြတဲ့ ခရီးသည်အများစုဟာ အရှေ့ဥရောပနဲ့ အာရှတစ်လွှားက ခရီးသည်တွေဖြစ်ပါတယ်။

ကာလစ်ဇ်ဒေသက အသစ်တည်ထောင်လိုက်တဲ့ ကမ္ဘာလှည့်ခရီးသွားကုမ္ပဏီတစ်ခုက ရေခဲပြင် ရေကူးလိုသူတွေအတွက် ပထမဆုံးရေခဲပြင်ရေကူးရေး စတင်ဆောင်ရွက်မှုကို အောင်အောင်မြင်မြင် လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ ခုလိုရေခဲရေထဲ ရေကူးတာတွေလုပ်နိုင်အောင်စီစဉ်ထားတာဟာ ရေခဲဖြတ်ကျော်လှေတွေနဲ့ ခရီးသွားတဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ခရီးသွားကုမ္ပဏီပြောခွင့်ရ စတိန်းဂျွန်ဆန်နဲ့ ဗက်တိုဘရန်းမက်တို့က ပြောပါတယ်။ 

 

 

Related News