တားမြစ်ပိတ်ပင်ထားတာတွေရှိပေမဲ့  ဂျပန်နိုင်ငံအတွင်း နျူကလီးယားဓာတ်သတ္တိကြွမှု ဖြစ်ပွားနေတဲ့အရပ်တွေက ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေဟာ အင်တာနက်အွန်လိုင်း ကုန်ရောင်းဝယ်မှု ကနေတစ်ဆင့် တရုတ်နိုင်ငံထဲရောင်းချနေတယ်လို့ CCTV သတင်းဌာန ကသတင်းဖော်ပြလိုက်ပါ တယ်။ဂျပန်နိုင်ငံအတွင်းက နျူကလီးယားဓာတ်သတ္တိကြွမှုတွေဖြစ်ပွားနေတဲ့ ဒေသထုတ်ကုန်ပစ္စည်း တွေဟာ အင်တာနက်အွန်လိုင်း ကုန်ရောင်းဝယ်မှုနဲ့စတိုးဆိုင်တွေမှာ တရားမ၀င်ရောင်းချနေတာကို တရုတ်သတင်းဌာန စီစီတီဗီက တွေ့ရှိခဲ့ပါတယ်။

 အဲ့ဒီကုန်စည်တွေဟာ တင်သွင်းခွင့်တားမြစ် ထားတဲ့ကြားကတရုတ်နိုင်ငံထဲရောင်းချနေတာဖြစ်ပါတယ်။ (၂၀၁၁)ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ဖူကူရှီးမားနျူးကလီးယားဘေးဖြစ်ပွားပြီးတဲ့နောက် နျူကလီးယားဓာတ်သတ္တကြွမှုတွေ ဖြစ်ပွားနေတဲ့ဒေသက စားသောက်ကုန်တွေ တင်သွင်းတာကို တရုတ်အစိုးရကတားမြစ်ထားတာ ဖြစ်ပါတယ်။ ဒီတင်သွင်းကုန်တွေကို နယ်စပ်ဖြတ်ကျော် ကုန်စည်ကုမ္ပဏီတွေက အင်တာနက်အွန်လိုင်းကသာမကပဲ သာမန်ဝယ်၊ရောင်းလမ်းကြောင်းနှစ်ခုစလုံးကနေ ရောင်းချနေ တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ရှန်ဇန်းစည်ပင်ယာနယ်မြေဈေးကွက်နဲ့ အရည်အသွေး ကြီးကြပ်မှု ကော်မတီဟာ နျူကလီး ယားဓာတ်သတ္တိကြွမှုတွေဖြစ်ပွားနေတဲ့ ဟွန်ရှုကျွန်းထွက် ထုတ်ကုန်တွေကို အင်တာနက်အွန်လိုင်းကနေ ရောင်းချနေတာကို ပြီးခဲ့တဲ့လတုန်းက တွေ့ရှိခဲ့ပါတယ်။ ရှန်ဇန်းပြည်နယ် အာဏာပိုင်တွေရဲ့ကနဦးစာရင်းဇယားတွေအရ အခုလိုတရားမ၀င်ရောင်း ၀ယ်နေတဲ့ အွန်လိုင်းဈေးရောင်းဝယ်လုပ်ငန်း တစ်ထောင့်သုံးရာကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။ 

 

Related News