အီတလီနိုင်ငံတောင်ပိုင်း ဆစ်စ္စလီကျွန်းက မောင့်အက်တာ မီးတောင်ပေါက်ကွဲချိန်မှာ ဘီဘီစီ သတင်းဌာနအဖွဲ့ဝင်တွေနဲ့ အခြားသူတွေအပါဝင်(၁၀)ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ဆီးနှင်းနဲ့ရောနှောနေတဲ့ ချော်ရည်ပူတွေ စီးကျလာပြီးနောက် မီးတောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကျောက်တုံးအပိုင်းအစတွေလေထဲကိုလွင့်စင်မှုတွေရှိခဲ့ပါတယ်။ ဘီဘီစီသတင်းဌာနရဲ့ သိပ္ပံပိုင်း ဆိုင်ရာ သတင်းထောက် ရီဘက်ကာ မိုရီလီက ကျောက်တုံးတွေ ဟာတောင်အောက် ကို ကျဆင်းလာတယ်လို့ သူရဲ့တွစ်တာက တဆင့်ပြောပါတယ်။

ချော်ရည်ပူတွေနဲ့ ကျောက်တုံးကြီးတွေ လိမ့်ဆင်းလာနေတဲ့ မီးတောင်ပေါ်ကနေ ပြေးဆင်းရတာဟာ အတွေကြုံကောင်းမဟုတ်ဘူးလို့လည်း  မိုရီလီက ပြောပါတယ်။ အက်တာမီးတောင်ဟာ ဥရောပမှာလှုပ်ရှားမှုအရှိဆုံး မီးတောင် တစ်ခုဖြစ်ပါတယ်။ မီးတောင်ဟာနှစ်အတန် ကြာငြိမ်နေရာကနေ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကနေစလို့ လှုပ်ရှားမှုတွေ၊ ပေါက်ကွဲမှု တွေပြန်ဖြစ်ပေါ်လာခဲ့ ပါတယ်။ 

 

 

Related News