ဆိုမာလီဒုက္ခသည်တွေကို တင်လာတဲ့လှေတိုက်ခိုက်ခံရမှုကြောင့် ဆိုမာလီဒုက္ခသည် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာသူများအဖွဲ့ IOM ကပြောပါတယ်။ ကုလသမဂ္ဂဒုက္ခသည် စာရွက်စာတမ်းကိုင်ဆောင်ထားတဲ့ဒုက္ခသည်တွေကို တင်လာတဲ့လှေဟာယီမင်ကနေ ဆူဒန်နိုင်ငံကို သွားနေချိန်မှာ ဟူသီသူပုန်တွေထိန်းချုပ်ထားတဲ့နေရာ လှေကို ရဟတ်ယာဉ်တစ်စင်းက ပစ်ချခဲ့တာဖြစ်တယ်လို့ ဒေသတွင်းကမ်းခြေစောင့်တပ်ဖွဲ့ကပြောပါတယ်။ လှေတိုက်ခိုက်ခံရတာကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း အတည်ပြုထားပါတယ်။  

တိုက်ခိုက်ခံလိုက်ရတဲ့သူတွေဟာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသူတွေ ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေခံလိုအပ်ချက်တွေရှိနေလို့ ယီမင် ကနေ ထွက်ခွာပြီး ဆူဒန် မှာရှိတဲ့ ဒုက္ခသည်စခန်းကို ပြောင်းရွှေ့ကြတာဖြစ်ပါတယ်။ လှေမောင်းတဲ့ အဖွဲ့ထဲမှာ ပါဝင်ခဲ့တဲ့ သင်္ဘောသားတစ်ဦးကတော့ လှေတိုက်ခိုက်ခံရချိန် လှေပေါ်မှာ လူ ၈၀ လောက်ပါလာတယ်လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်ဆောင်ခဲ့တယ်ဆိုတာတော့ မသိရသေးပါတယ်။ ယီမင်နိုင်ငံအတွင်းက ဟူသီသူပုန်တွေကို နှိမ်နင်းနေတဲ့  ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ပြောခွင့်ရသူကတော့ ညွန့်ပေါင်းအဖွဲ့ဟာလှေတိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာမှာ ဘယ်လို တိုက်ခိုက်မှုမျိုးမှ မလုပ်ထားဘူးလို့ပြောပါတယ်။ 

 

 

 

Related News