ပီရူးနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီးတဲ့နောက် ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့လို့ လူပေါင်း ၇၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပီရူးအာဏာပိုင်တွေက ပြောပါတယ်။ နှစ်ပေါင်း ၃၀ အတွင်းအဆိုးရွားဆုံးဖြစ်ပွားတဲ့ဒီရေကြီးမှုဟာ နိုင်ငံတစ်ဝက်အထိ ဖြစ်ပွားနေတာပါ။ ဒါ့ပြင် မြို့ပေါင်း ၈၀၀ ကျော်ဟာလည်း အရေးပေါ်အခြေအနေကြေညာထားရပါတယ်။ မြို့တော် လီမာမှာတော့ ရေပြတ်လပ်နေတာဟာ တနင်္လာနေ့ကတည်းကဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အစားအသောက်နဲ့ရေပြတ်လပ်မှုတွေ နေရာအနှံ့မှာဖြစ်ပွားနေပြီး ကုန်ဈေးနှုန်းတွေဟာ ရှိရင်းစွဲ ဈေးနှုန်းထက် ၅ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာတာဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မိုးသည်းတာ ရပ်သွားပြီ ဖြစ်ပေမယ့် ရာသီဥတု မတည်ငြိမ်မှုဟာ နောက်ထပ်သီတင်းပတ်တွေအထိ ဖြစ်နိုင်ချေရှိတယ်လို့ မိုးလေ၀သဌာန တွေက ခန့်မှန်းထားပါတယ်။ ပစိဖိတ်သမုဒ္ဒရာ ပတ်လည်က ပီရူးနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံ တွေမှာ ပင်လယ်ပြင်အပူချိန် မြင့်တက်မှုဖြစ်ပြီး ရေငွေ့ပိုပျံကာ မိုးသည်းမှု ဖြစ်ပွားစေတဲ့ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ခံစားနေရတာ မကြာသေးခင်လတွေ ကတည်းက ဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာ ၁၉၈၈ ခုနှစ်တုန်းကလည်း အယ်လ်နီညို ဖြစ်စဉ်ကို ခံစားခဲ့ရပါတယ်။

 

 

Related News