လန်ဒန်ရှိ Grenfell Tower မီးဘေးသင့်သူများအတွက် ရန်ပုံငွေမတည်ရန်ရန် သီဆိုမည့် Bridge Over Troubled Water သီချင်းတွင်One Direction အဖွဲ့အနေဖြင့် တစ်ဖွဲ့လုံးပါဝင်နိုင်ရန် ကြိုးပမ်းနေသည်ဟုသိရသည်။လီယမ်ပင်းန်နှင့် လူဝစ်တွမ်လင်ဆန်တို့က ပါဝင်မည်ဟုအတည်ပြုပြီးဖြစ်သော်လည်းဟယ်ရီစတိုင်နှင့်နီရဲလ်ဟိုရန်တို့ကမူ ပါဝင်နိုင်ရန် ကြိုးစားနေကြသည်ဟုသိရသည်။ Bridge Over Troubled Water သီချင်းတွင်ရီတာအိုရာ၊ ရော့ဘီဝီလျံ၊ လီယိုနာလူးဝစ်တို့ကဲ့သို့ နာမည်ကျော်အမြောက်အမြားလည်းပါဝင်မည်ဟုသိရသည်။

သုံးရက်အတွင်းအပြီးသတ်ဆောင်ရွက်ရမည့်ယင်းသီချင်းအတွက် နာမည်ကျော် အဆိုတော်အမြောက်အမြားသည် West London အသံသွင်းစတူဒီယိုတွင် ဆုံးစည်းခဲ့ကြသည်။ X Factor ဒိုင်ဖြစ်ပြီး One Direction ၏လက်ဦးဆရာလည်းဖြစ်သည့် ဆိုင်မွန်ကောင်းဝဲလ်၏တောင်းဆိုမှုကြောင့် One Direction အဖွဲ့သားအားလုံး၎င်းသီချင်းတွင်ပါဝင်သီဆိုကြမည့် အလားအလားရှိနေသည်ဟုသိရသည်။ One Direction အဖွဲ့သားအားလုံးပါဝင်မည်ဆိုပါက လီယမ်ကမူအမေရိကားမှ တစ်ကိုယ်တော် ရိုက်ကူးသရုပ်ဆောင်ရမည်ဟုလည်းသိရသည်။

 

 

Related News