အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ရဲ့ ရာသီဥတုပြောင်းလဲမှုထိန်းချုပ်ရေးဆိုင်ရာ ပဲရစ်သဘော တူညီချက်ကနေ နှုတ်ထွက်တဲ့ သဘောထားကို နားလည်ပေမဲ့ ပြင်သစ်နိုင်ငံကတော့ ထားရှိပြီးသားကတိက၀တ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ပြောလိုက်ပါတယ်။ ပြင်သစ်အမျိုးသားနေ့အခမ်းအနားကို တက်ရောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်  ပဲရစ်မြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သတ်ပြီး အမြင်သဘောထားကွဲပြားနေပေမဲ့ သဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ဖို့ လိုတယ်လို့ သမ္မတ မက်ခရွန်ကပြောပါတယ်။
 
သမ္မတထရမ့်ကတော့ ပဲရစ်သဘောတူညီချက်ကို လေးစားတဲ့ အနေနဲ့ အမေရိကန်ရဲ့ရပ်တည်ချက် အခြေအနေတစ်မျိုးပြောင်းနိုင်တယ်လို့ပြောဆိုခဲ့ပေမဲ့ အသေးစိတ်တော့ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဒါပြင် ပဲရစ်သဘောတူညီချက်နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ရပ်တည်ချက် အခြေအနေကို စောင့်ကြည့်ဖို့လည်း သမ္မတ ထရမ့်ကပြောထားပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ပဲရစ်သဘောတူညီချက်ဟာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို အကျိုးမဖြစ်စေလို့ မျှတတဲ့သဘောတူညီချက်ဖြစ်အောင် ညှိနှိုင်းလိုတယ်လို့ ပြီးခဲ့တဲလတုန်း ကပြောဆိုထားပါတယ်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်အရ သဘောတူ ညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေဟာ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရမှာ ဖြစ်ပါတယ်။ သမ္မတနှစ်ဦးဟာ ပဲရစ်သဘော တူညီချက်အပြင် ဆီးရီးယားမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ကုန်သွယ်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေကိုလည်း ဆွေးနွေးထားပါတယ်။ 
 
 
 

Related News