သြစတေးလျနိုက်ကလပ်တစ်ခုတွင် လိင်ဆက်ဆံသည့်ဟန်ပြုလုပ်ခဲ့ကြသည့် လင်းနို့လူသားဇတ်ကောင်များပုံသဏ္ဍန်ဝတ်ဆင်ထားသည့် အမျိုးသမီးနှင့် အမျိုးသားစုံတွဲအားရဲကသေနတ်ဖြင့်ပစ်ခဲ့ကြောင်းသိရသည်။ ဂျိုကာပုံသဏ္ဍာန်ဝတ်ဆင်ထားသည့် Dale Ewins ၃၅ နှစ်မှာရဲများပစ်ခတ်သည့်သေနတ်ကျည်ထိမှန်၍ ၀မ်းဗိုက်တွင်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်းသိရသည်။ ရဲများက ၄င်းကိုင်ဆောင်ထားသည့်သေနတ်အတုကိုတကယ့်သေနတ်အစစ်ဟုယူဆခဲ့ကြ သည်ဟုဆိုသည်။ Inflation နိုက်ကလပ်ဝက်ဘ်ဆိုက်တွင် အရွယ်ရောက်သူများအတွက် ပျော်ရွှင်စရာအကောင်းဆုံးဖျော်ဖြေပွဲဟုအဓိပ္ပါယ်ရသည့် “no holds barred extravaganza of adult fun”ဟုဖေါ်ပြထားသည့် အပျော်တမ်းဝတ်စုံများဝတ်ဆင်ရသည့် ပါတီပွဲကျင်းပရာSaints and Sinners Ballခမ်းမအား ပြီးခဲ့သည့်စနေနေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် ရဲအရာရှိ ၄၀ ခန့်က ၀င်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ရုပ်ပြစာအုပ်ဇတ်ကောင်တစ်ဦးဖြစ်သောsupervillian Harley Quinn ၀တ်စုံဝတ် ဆင်ထားသည့် အသက် ၃၇ နှစ်အရွယ် ZitaSukysဆိုသည့် အမျိုးသမီးမှာခြေထောက်တွင်  သေနတ်ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။ ၄င်းတို့နှစ်ဦးစလုံးအားဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပြီးMrEwinsမှာစိုးရိမ်ရသောအနေအထားဖြစ် ဖွယ်ရှိသည်ဟုဆိုသည်။ ၄င်းတို့စုံတွဲနှစ်ဦးမှာကျင်းပသည့်ပွဲလမ်း၏ သဘောသဘာဝအရ တစ်လွဲထင်စရာပုံသဏ္ဍန် အနေအထားဖြစ်ခဲ့ရကြောင်း နိုက်ကလပ်ပိုင်ရှင် Martha Tsamis က အဆိုပါစုံတွဲဖက်မှကာကွယ်၍ လူမှုကွန်ယက်တွင် ဖော်ပြခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ပွဲလမ်းများကိုထိခိုက်မှုတစ်စုံတစ်ရာမရှိပဲInflation နိုက်ကလပ်၌ကျင်းပလာခဲ့ သည်မှာ နှစ်ပေါင်း ၂၀ နီးပါးကြာခဲ့ပြီးဖြစ်ကြောင်းရှည်လျားစွာရေးသားထားသည့် Facebook postတွင် ၄င်းက ဖော်ပြခဲ့ သည်။ အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကိုစတင်ပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။ 

 

 

Related News