တူရကီသမ္မတ အာဒိုဝမ်ဟာ မအောင်မြင်ခဲ့တဲ့စစ်တပ်အာဏာသိမ်းမှုတစ်နှစ်ပြည့် အခမ်းအနားမှာ လူထောင်ချီကို မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ သမ္မတ အာဒိုဝမ်ကတော့ တူရကီလွှတ်တော်အမတ်တွေအပြင် သူ့အစိုးရနဲ့ ဒီမိုကရေစီကို ကာကွယ်ပေးခဲ့သူ တွေကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်(၁၅)ရက်မှာ တူရကီစစ်တပ်တပ်စု တစ်စုကစတင်တဲ့ စစ်တပ်အာဏာသိမ်းမှုကနေ တိုက်ခိုက်မှုတွေဖြစ်ခဲ့လို့ လူပေါင်း (၂၅၀)သေဆုံးခဲ့ပြီး နောက်ထပ်လူပေါင်း(၂၁၉၆)ဦး ဒဏ်ရာ ရရှိခဲ့ပါ တယ်။

တူရကီအစိုးရဟာ အဲဒီကာလကတည်းက စစ်အာဏာသိမ်းမှုကိုထောက်ခံတယ်လို့ ယူဆရသူတွေကို နှိမ်နင်းတာတွေ လုပ်ဆောင်နေပြီး နိုင်ငံ့ဝန်ထမ်း တစ်သိန်းခွဲကျော်ကို ရာထူးကနေ ထုတ်ပယ်ခဲ့သလို နောက်ထပ် လူပေါင်း(၅)သိန်း နီးပါးကိုလည်း ဖမ်းဆီးထားပါတယ်။ စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းသူတွေဟာ အာဂျင်းပန်းဖြေ စခန်းမှာ အားလပ်ရက်ခရီးထွက်နေ တဲ့သမ္မတ အာဒိုဝမ်ကို ထိန်းသိမ်းဖို့ကြိုးပမ်း ခဲ့ကြပေမဲ့ သမ္မတကို သစ္စာခံတဲ့စစ်သားတွေနဲ့အရပ်သားတွေကြောင့် အာဏာသိမ်းမှု မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတဟာ အဲဒီလူတွေအတွက် တစ်နှစ်ပြည့်အခမ်းအနားမှာ ချီးကျူးစကားတွေ ပြောကြားခဲ့ပါတယ်။ သေနတ်ကိုင်ခဲ့တဲ့လူတွေဟာ နိုင်ငံတော်အလံကိုင်ခဲ့တဲ့ လူတွေကို ရှုံးနိမ့်ခဲ့တယ်လို့ သမ္မတက သူ့ကိုထောက်ခံသူ လူပေါင်းထောင်ချီကိုပြောကြားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်း မှုကို ဆန့်ကျင်ချိန်မှာ တူရကီနိုင်ငံအတွင်း အမျိုးသားပေါင်းစည်းမှုရှိခဲ့ပေမဲ့ ကွဲပြားမှုတွေရှိနေသေး တယ်လို့ သတင်းထောက်တွေကပြောပါတယ်။ သမ္မတ အာဒိုဝမ်ကို ဆန့်ကျင်သူတွေကတော့ သမ္မတရဲ့မိန့်ခွန်းပြောတဲ့အခမ်းအနားတွေကို သပိတ်မှောက်ခဲ့ကြသလို ပြီးခဲ့တဲ့နှစ်အတွင်း အစိုးရရဲ့ လုပ်ရပ်တွေဟာ သဘောထား ကွဲလွဲသူတွေကို နှိမ်နင်းဖို့ ကြိုးပမ်းနေတယ်လို့ပြောဆိုနေကြပါတယ်။ 

 

 

Related News