အခုနှစ် ပထမ(၇)လအတွင်း မက္ကဆီကိုနိုင်ငံနယ်စပ်ကနေ အမေရိကန်နိုင်ငံထဲကို ဖြတ်ကျော် ၀င်ရောက်ဖို့ကြိုးစားရင်း သေဆုံးသူ အရေအတွက်ဟာ မနှစ်က အခုလိုကာလတုန်းထက် ပိုများလာတယ်လို့ နောက်ဆုံးရရှိတဲ့အချက်အလက်တွေမှာ ဖော်ပြနေပါ တယ်။ အခုနှစ် နှစ်စပိုင်းကတည်းကဆိုရင် သေဆုံးခဲ့တဲ့ရွှေ့ပြောင်းအရေအတွက်ဟာ (၂၃၂)ဦးအထိရှိနေပြီး ၂၀၁၆ ခုနှစ် ပထမ (၇)လအတွင်း သေဆုံးခဲ့တဲ့ရွှေ့ပြောင်းအရေအတွက်ဟာ (၂၀၄)ဦးပဲရှိခဲ့တာကြောင့် ဒါဟာ သေဆုံးမှုနှုန်း(၁၇)ရာခိုင်နှုန်း အထိ မြင့်တက်လာတာဖြစ်တယ်လို့ နိုင်ငံတကာရွှေ့ပြောင်း သွားလာသူများအဖွဲ့အစည်း (IOM)  က ပြောပါတယ်။
 
အမေရိကန်-မက္ကဆီကိုနယ်စပ်အရေး ကျွမ်းကျင်ပညာရှင်တွေကတော့ နယ်စပ်ဖြတ်ကျော်ဖို့ကြိုးပမ်းသူအရေအတွက် နည်းလာတယ်လို့ ထင်ရတဲ့အခြေအနေမှာ သေဆုံးသူမြင့်တက်လာတာဟာ 
အံ့သြစရာဖြစ်တယ်လို့ပြောပါတယ်။ အမေရိကန်နယ်စပ်ကင်းလှည့် အဖွဲ့ကတော့ ကတော့ ဖမ်းမိသူအရေအတွက်ဟာ တစ်ဝက်အထိ လျော့ကျသွားတယ်လို့ပြောပါတယ်။ ၂၀၁၆ ခုနှစ်မှာ နယ်စပ်မှာ ဖမ်းမိတဲ့ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးပမ်းသူအရေအတွက်ဟာ (၇၄၀)ကျော်အထိရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ (၁၄၀)ပဲရှိတယ်လို့ နယ်စပ်ကင်းအဖွဲ့ကပြောပါတယ်။ ဇူလိုင်လတုန်းကလည်း နယ်စပ်ကို တရားမ၀င်ခိုးဝင်ဖို့ ကြိုးစားရင်း သေဆုံးသူ (၁၀)ဦးရဲ့ အလောင်းနဲ့အတူ အလောင်း(၅၀)ကို ထရပ်ကားနောက်တွဲ ယာဉ်ထဲကနေ အမေရိကန်အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။ အခု သေဆုံးသူအချက်အလက် တွေဟာ လျှော့ချတွက်ဆထားတာဖြစ်နိုင်တယ်လို့လည်း IOM က သတိပေးထားပါတယ်။ 
 
 
 

Related News