ပုလဲမြစ်ဝမှာ သင်္ဘောနှစ်စင်းတိုက်မိရာကနေယိုဖိတ်မှုဖြစ်ပွားတဲ့ စားအုန်းဆီအခဲ တန် ၉၀ ကျော်ကို ပြန်လည် ရှင်းလင်းနေပြီဖြစ်တယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ပြောကြားထားပြီး ဒီအခြေအနေကြောင့် ကမ်းခြေ ၁၃ ခုကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ သင်္ဘောနှစ်စင်းတိုက်မိတာ သီတင်းတစ်ပတ်ကြာသွားပြီဖြစ်ပေမယ့် ကမ်းခြေတွေမှာရှိတဲ့ ငါးသေ၊ ခရုခွံ၊ ကျောက်တုံး၊ ပလက်စတစ်ပုလင်းတွေနဲ့ အခြားအမှိုက်တွေပေါ်မှာ စားအုန်းဆီတွေ  ကပ်နေတုန်းဖြစ်ပါတယ်။ ဟောင်ကောင်အစိုးရကတော့ ယိုဖိတ်မှုဖြစ်ပွားခဲ့တဲ့ စားအုန်းဆီ ၉၃ တန်နီးပါးကို ပြန်ဆယ်ယူပြီးဖြစ်ပြီး ဟောင်ကောင် ရေပိုင်နက်တွင် ပြန့်နေသောစားအုန်းဆီပမာဏသည် လျော့ကျလာပြီလို့လည်း ပြောပါတယ်။
 
ဆီယိုဖိတ်မှုဖြစ်သည့်သတင်းကို တရုတ်ပြည်မကြီး အာဏာပိုင်တွေက သတင်းပေးပြီးကတည်းက ဟောင်ကောင်အစိုးရဟာ ကမ်းခြေ ၁၃ ခုကိုပိတ်ထားခဲ့တာဖြစ်ပါတယ်။ သတင်းဖော်ပြချက်တွေအရသင်္ဘော နှစ်စင်းတိုက်မိချိန်မှာ စားအုန်းဆီတန် ၁၀၀၀ နီးပါးယိုဖိတ်မှုဖြစ်ပွားခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် တရုတ်ဝေလငါး အဖြူလို့ခေါ်သလို ပန်းရောင်ဝေလငါးလို့လည်း လူသိများတဲ့မျိုးတုန်းလုနီးပါး  ဝေလငါးတွေ အပေါ် ဘယ်လောက်အထိ ထိခိုက်မှုရှိလဲဆိုတာ မသိရသေးပါဘူး။ လက်ရှိမှာ စားအုန်းဆီအခဲတွေဟာ အပူချိန် ၃၃ ဒီဂရီအထိရှိနေတဲ့ ဟောင်ကောင်ရာသီဥတုကြောင့် အရည်ပျော်ရာကနေ ရေညှိပေါက်နှုန်းကို မြင့်တက်လာစေမယ်ဆိုရင် အဏ္ဏ၀ါသတ္တ၀ါတွေ အတွက် အန္တရာယ်ဖြစ်လာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ထောက်ပြပြောဆိုနေကြပါတယ်။
 
 
 

Related News