တရုတ်နိုင်ငံ အခြေစိုက် စက်ဘီးအငှားဝန်ဆောင်မှုကုမ္ပဏီအိုဖိုဟာ ကမ္ဘာတစ်ဝန်းကို ဖြန့်ကျက်မယ့် သူ့ရဲ့ လုပ်ငန်းတစ်စိတ်တစ်ပိုင်းအနေနဲ့ ဂျပန်နိုင်ငံဈေးကွက်မှာ ၀င်ရောက်လုပ်ကိုင် တော့မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအခြေစိုက်ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာပစ္စည်းတွေ လက်ကား ဖြန့်ဝေတဲ့ ဆော့ဖိတ်ဘဏ်နဲ့မိတ်ဖက်အနေနဲ့လုပ်ကိုင်မယ်လို့ အိုဖိုကုမ္ပဏီက သြဂုတ်လ(၉)ရက်မှာ ကြေညာလိုက်တာပါ။
 
ဂျပန်နိုင်ငံအတွင်း လုပ်ငန်းဖြန့်ကျက်မှုဟာ အိုဖိုရဲ့(၇)ခုမြောက်နိုင်ငံခြားကုမ္ပဏီခွဲထူထောင်မှုဖြစ်လာမှာဖြစ်ပြီး အိုဖိုအနေနဲ့စင်ကာပူ၊ဗြိတိန်၊ အမေရိကန်၊ ကာဇက်စတန်၊ ထိုင်းနဲ့မလေးရှားနိုင်ငံတို့မှာလည်း လုပ်ငန်းဖြန့်ကျက်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ စက်ဘီးအငှားဝန်ဆောင်မှုကို တိုကျိုမြို့နဲ့အိုဆာကာမြို့တွေမှာ စတင်လုပ်ကိုင်မှာဖြစ်ပါတယ်။
 
အိုဖိုအနေနဲ့ စက်ဘီးပေါင်း(၈) သန်းကျော်သုံးပြီး တစ်နေ့ကိုခရီးစဉ်ပေါင်း (၂၅)သန်းကျော်ကို စက်ဘီးအငှားဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။  အိုဖိုကုမ္ပဏီရဲ့ စက်ဘီးအငှားဝန်ဆောင်မှုဟာ(၂၀၁၅)ခုနှစ်၊ ဇွန်လကတည်းက စတင်နေတာဖြစ်ပြီး နိုင်ငံ(၈)နိုင်ငံက မြို့ကြီး(၁၇၀)မှာ ခရီးစဉ် ပေါင်းသန်း(၃၀၀၀)ကျော်ကို ၀န်ဆောင်မှုပေးပြီး ဖြစ်ပါတယ်။ အိုဖိုကုမ္ပဏီကရဲ့ စက်ဘီးအငှားဝန်ဆောင်မှုကို အသုံးပြုနေ သူသန်း(၁၀၀)ကျော်ရှိပြီး အသုံးပြုသူတွေဟာ ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ဖုန်းအက်ပလီကေးရှင်းကိုသုံးပြီး စက်ဘီးတွေမှာပါရှိ တဲ့ကြူအာကုတ်ကို စကန်ဖတ်လိုက်ရုံနဲ့ စက်ဘီးတွေကို ငှားရမ်းစီးနင်းနိုင်သလို အိုဖိုကသတ်မှတ်ထားတဲ့ သက်ဆိုင်ရာ စက်ဘီး စုရပ်နေရာတွေမှာ ရပ်ထားခဲ့နိုင်မှာဖြစ်ပါတယ်။ 
 
 
 

Related News