မြောက်ကိုရီးယား ပိုင်ကုမ္ပဏီတွေကို တရုတ်နိုင်ငံမှာ လုပ်ငန်းလည်ပတ်တာတွေ ရပ်တန့်ဖို့ တရုတ်အစိုးရက စက်တင်ဘာလ(၂၈)ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပြီး တရုတ်နဲ့မြောက်ကိုရီးယား ဖက်စပ်ကုမ္ပဏီတွေကိုပါ ပိတ်ပစ်ဖို့ တရုတ်အစိုးရက ဖိအားပေးနေပါတယ်။ တရုတ်နိုင်ငံပိုင်နက်အတွင်း လုပ်ငန်းလည်ပတ်နေတဲ့ မြောက်ကိုရီးယားကုမ္ပဏီတွေကို ပိတ်ပစ်ဖို့ တရုတ်ဘက်က ထုတ်ပြော လိုက်ပြီး အခုလိုပိတ်ဆို့ရတာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို တရုတ်နိုင်ငံအနေနဲ့ စတင်အကောင် အထည်ဖော်တာဖြစ်တယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယားကုမ္ပဏီတွေဟာ လာမယ့်(၂၀၁၈)ဇန်န၀ါရီလ အစောပိုင်းမှာ လုပ်ငန်း လည်ပတ်တာကို ရပ်ဆိုင်းရမှာဖြစ်ပြီး တရုတ်နဲ့မြောက်ကိုရီးယားဖက်စပ်ကုမ္ပဏီတွေကိုလည်း လုပ်ငန်းရပ်ဆိုင်းဖို့ တရုတ် အစိုးရက တွန်းအားပေးနေပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို ပိတ်ဆို့မှုတွေပြုလုပ်နေစဉ်မှာပဲ စကားဝိုင်းဆွေးနွေးတာတွေ ပြုလုပ်သွားဖို့ဆိုတာ ကုလသမဂ်္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ လုပ်ငန်း(၂)ခုလုံးကို ညီတူညီမျှ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ လူကန်က ပြောပါတယ်။ မြောက်ကိုရီးယား နိုင်ငံရဲ့ မိတ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟ မြောက်ကိုရီးယားနိုင်ငံကနေ တရုတ်နိုင်ငံကို တင်သွင်းနေတဲ့ အတည်အလိပ်လုပ်ငန်း တွေကို ပိတ်ဆို့လိုက်ပြီး ရေနံတင်ပို့မှုကိုလည်း ကန့်သတ်ထားပါတယ်။ ယခုနှစ်အစောပိုင်းမှာလည်း တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားကနေကျောက်မီးသွေးတင်သွင်းတာကို ပိတ်ပင်ခဲ့ပြီး ပင်လယ်ထွက်ကုန်တွေနဲ့ သံရိုင်းတင်ပို့တာတွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။တရုတ်ဘက်က ပိတ်ဆို့မှုတွေလုပ်နေတာကြောင့် မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့နိုင်ငံခြားဝင်ငွေရနိုင်တဲ့ အဓိကလုပ်ငန်းတွေ ဆုံးရှုံးနေပါတယ်။ 

 

Related News