ထိုင်းဝန်ကြီးချုပ်နဲ့ အမေရိကန်စီးပွားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတွေကို တိုးတက်ရေးနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကို တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာဟာ အမေရိကန်စီးပွားရေးဝန်ကြီး ၀ီလ်ဘာရော့စ်နဲ့ စက်တင်ဘာလ(၂၇)ရက်မှာတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးခိုင်မာလာစေဖို့နဲ့ နှစ်ဖက်အကျိုးအမြတ်ရနိုင်မယ့် ကုန်သွယ်ရေးလုပ်ငန်း တွေကို ပူးပေါင်းမြှင့်တင်ဖို့တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းအစိုးရရဲ့ပြောခွင့်ရှိသူ ၀ီရချွန် ဆူခွန်တာပါတီပက်က ပြောပါတယ်။ ပရာရွတ်ဟာ လူကုန်ကူးမှုတိုက်ဖျက်ရေး၊လေကြောင်းလုံခြုံရေးနဲ့  ဥာဏပစ္စည်းဆိုင်ရာချိုးဖျက်မှုတွေအပေါ် ထိုင်းအစိုးရက ဆောင်ရွက်နေတဲ့ လုပ်ငန်းတိုးတက်မှုတွေနဲ့ ထိုင်းအစိုးရရဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ဦးတည်နေလုပ်ဆောင်မှုတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
 
ဝီလ်ဘာရော့စ်နဲ့တွေ့ဆုံဆွေးနွေးတာဟာ ပရာရွတ်ရဲ့အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေနဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေအပေါ် ကြိုတင်ဆွေးနွေးမှုတွေ ပြုလုပ်တာဖြစ်တယ်လို့လည်း ထိုင်းအစိုးရဘက်ကပြောပါတယ်။ ပရာရွတ်ဟာ လာမယ့် အောက်တိုဘာလမှာ အမေရိကန်နိုင်ငံကို တရားဝင်ခရီးစဉ်သွားရောက်ဖို့ရှိနေပြီး အဲ့ဒီခရီးစဉ် အတောအတွင်း အမေရိကန်သမ္မဒေါ်နယ်ထရမ့်နဲ့ အောက်တိုဘာလ(၃)ရက်မှာ တွေ့ဆုံမှာလည်း ဖြစ်ပါတယ်။ သမ္မတထရမ့်နဲ့တွေ့ဆုံစဉ်မှာ လုံခြုံရေးကိစ္စရပ်တွေ၊ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရဘက်က ပြောထားပါတယ်။
 

Related News