အီရတ်တပ်ဖွဲ့တွေဟာ နိုင်ငံအလယ်ပိုင်းဒေသမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံးခြေကုတ် စခန်းဖြစ်တဲ့ ဟာဝီဇာမြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အီရတ်စစ် တပ်ဘက်က အောက်တိုဘာလ(၅)ရက်မှာ ပြောလိုက်ပါတယ်။မြို့ကို ပြန်သိမ်းနိုင်ခဲ့ပေမယ့် စစ်သွေးကြွတွေကို အီရတ်စစ်တပ်က ၀ိုင်းရံထားတဲ့ ဟာဝီဇာမြို့ရဲ့ မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာတော့ တိုက်ခိုက်မှုတချို့ ရှိနေသေးတယ်လို့လည်း အီရတ်စစ်တပ်ဘက်က ပြောပါတယ်။
 
ဟာဝီဇာမြို့ဟာ (၂၀၁၄) ခုနှစ်ကတည်းက အိုင်အက်စ်အကြမ်းဖက်သမားတွေရဲ့လက်အောက်ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့စာရင်း တွေအရ ဟာဝီဇာမြို့တွင်းမှာ ပိတ်မိနေတဲ့ လူဦးရေ (၇၈၀၀၀) လောက်ရှိနေသေးတယ်လို့ သိရပါတယ်။ဟာဝီဇာမြို့ကို  ပြန်လည်သိမ်း ပိုက်နိုင်ခဲ့တဲ့နောက် အီရတ်နိုင်ငံထဲမှာ အိုင်အက်စ်အကြမ်းဖက်သမားတွေရဲ့ ထိန်းချုပ်ခံထားရတာဟာ ဆီးရီးယားနိုင်ငံနဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ အီရတ်နိုင်ငံ အနောက်ပိုင်းက ဒေသတချို့ပဲကျန်ရှိ တော့တာလည်း ဖြစ်ပါတယ်။ အီရတ်စစ်တပ်ဘက်က ဟာဝီဇာမြို့ကို ထိုးစစ်ဆင်နေတာဟာလွန်ခဲ့တဲ့တစ်ပတ်ကတည်းက ဖြစ်ပါတယ်။ ဟာဝီဇာ မြို့ကိုဦးတည်တဲ့ ထိုးစစ်ကို အမေရိကန်ကျောထောက် နောက်ခံပေးထားတဲ့ အီရတ်အစိုးရတပ်ဖွဲ့တွေက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
 
 

Related News