ထိုင်းနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲကျင်းပမယ့်နေ့ကို လာမယ့်(၂၀၁၈)ခုနှစ်မှာ ကြေညာသွားမှာဖြစ်ပြီး ကြေညာပြီး ရက်ပေါင်း(၁၅၀)အကြာမှာ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာက ထိုင်းနိုင်ငံဟာ လာမယ့်(၂၀၁၈)ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို ကြေညာသွားမှာဖြစ်တယ်လို့ သူ့ရဲ့အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း အောက်တိုဘာလ(၃)ရက်က အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကို ပြောခဲ့တယ်လို့ ပြောပါတယ်။
 
ပရာရွတ်ဟာ  ထိုင်းရွေးကောက်ပွဲ(၂၀၁၈)ခုနှစ်မှာကျင်းပသွားမယ်ဆိုတာ အောက်တို ဘာလ(၅)ရက်မှာ အမေရိကန်နိုင်ငံရောက်ထိုင်းနိုင်ငံသားတွေနဲ့တွေ့ဆုံစဉ်မှာ သမ္မတထရမ့်ကို ပြောခဲ့တာနဲ့ ပတ်သက်ပြီး အတည်ပြုပြောဆိုလိုက်တာပါ။ထိုင်းနိုင်ငံရဲ့နိုင်ငံရေး ရှေ့ဆက်သွားမယ့်လမ်းစဉ်တွေနဲ့ ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့ တိုးတက်မှုတွေနဲ့ ပတ်သက်လို့ (၂၀၁၅)ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ လက်ရှိထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ရှင်းလင်းပြောပြခဲ့တာပါ။လက်ရှိထိုင်းဖွဲ့စည်းပုံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကို ကြေညာပြီး ရက်ပေါင်း(၁၅၀)အကြာမှာ ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်တယ်လို့ ပရာရွတ်က ပြောပါတယ်။ ထိုင်းစစ်တပ်ဟာ နိုင်ငံအုပ်ချုပ် ရေးမှာ ဆက်လက်ပါဝင်တော့မှာ မဟုတ်ဘူးလို့လည်း ပရာရွတ်ကပြောပါတယ်။ထိုင်းဝန်ကြီးချုပ်ဟာ အမေရိကန်နိုင်ငံကို (၃)ရက်ကြာ ရောက်ရှိနေစဉ်မှာ အမေရိကန်အထက်လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရနဲ့စီးပွားရေးဆိုင်ရာ အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
 
 

Related News