ပရီးမီးယားလိဂ်မှ မန်ယူ၊ချယ်ဆီး၊အာဆင်နယ်အစရှိတဲ့ထိပ်သီးအသင်းတွေရဲ့ အဓိကကစားသမား အချို့အနေနဲ့ လက်ရွေးစင်အသင်းတွေနဲ့အတူ ပါဝင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ယခုတစ်ပတ်မှာတော့ နိုင်ငံတစ်ကာခြေစစ်ပွဲစဉ်တွေကြောင့် လိဂ်ပြိုင်ပွဲများရပ်နားထားပြီး၊ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအပါအ၀င် လိဂ်ပြိုင်ပွဲတွေမှ အဓိကကစားသမားတွေအနေနဲ့ လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ အဓိကကစားသမားအများစုလည်း လက်ရွေးစင်အသင်းတွေအတွက် ပါဝင်ကစားပေးဖို့အတွက် ရွေးချယ်ခံခဲ့ရပြီး၊အဆိုပါကစားသမားတွေထဲမှ မန်ယူ၊ချယ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ အဓိကကစားသမားအချို့ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။မန်ယူအသင်းကွင်းလယ်ကစားသမား ဖယ်လိုင်နီဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းနဲ့ အတူပါဝင်ကစားခဲ့တဲ့ ဘော့ဇနီးယားအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း ဒူးဒဏ်ရာ ပြဿနာတွေ့ကြုံခဲ့ရတာကြောင့် နှစ်ပတ်ခန့်အနားယူရဖို့ရှိနေပါတယ်။

အဆိုပါဒဏ်ရာကြောင့် ဖယ်လိုင်နီအနေနဲ့ လီဗာပူးလ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်အပါအ၀င် မန်ယူအသင်းရဲ့ ပွဲစဉ်(၃)ပွဲခန့် လွဲချော်သွားရဖို့ရှိနေပါတယ်။ဒါ့အပြင် မန်ယူအသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ လူကာကူနဲ့ ကွင်းလယ်လူ ပေါ့ဘာတို့လည်း ဒဏ်ရာရရှိနေတာကြောင့် မန်ယူအသင်းအတွက် အနည်းငယ်အခက်တွေ့စေ တာလည်းဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ကန်တီကလည်း ပြင်သစ်အသင်းအတွက်ပါဝင် ကစားခဲ့တဲ့ ဘူဂေးရီးယား အသင်းနဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အပါအ၀င် ချယ်ဆီးအသင်းရဲ့ပွဲစဉ်အချို့ကိုလည်း လွဲချော်ဖို့ရှိနေတာ ဖြစ်ပါ တယ်။ချယ်ဆီးအသင်းရဲ့ အဓိကတိုက်စစ်မှုးဖြစ်တဲ့ မိုရာတာကလည်း ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ် (၆) ပတ်ခန့်အနားယူရဖို့ရှိနေသလို၊လက်စတာအသင်းမှခေါ်ယူထားတဲ့ ဒရင့်ဝါတာအနေနဲ့လည်း ကစားပေးနိုင်ဖို့အဆင်သင့်မဖြစ်သေးကြောင်းသိရပါတယ်။အာဆယ်နယ်အသင်း မှာတော့ အဓိက နောက်ခံလူတစ်ဦးဖြစ် တဲ့မူစတာဖီကဂျာမနီလက်ရွေးစင်အသင်းနဲ့ပါဝင်ကစားခဲ့တဲ့ အဇာဘိုင်ဂျန်အသင်းနဲ့ ပွဲစဉ်မှာ ကြွက်သားဒဏ်ရာပြဿနာကြောင့် ပွဲချိန် (၃၆) မိနစ်မှာပဲ လူစားလဲခဲ့ရပြီး၊အာဆယ်နယ် အသင်းရဲ့ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်နိုင်ဖို့မသေချာသေးကြောင်းသိရပါတယ်။

 

 

Related News