ဆော်ဒီအာရေးဗျနဲ့ လက်ဘနွန်နိုင်ငံတို့ကြားဖြစ်ပွားနေတဲ့တင်းမာမှုမြင့်တက်နေတာတွေကို အကြီးအကျယ်စိုးရိမ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်ညူ ဂူထားစ် က ပြောလိုက်ပါတယ်။ ဒါ့ကြောင့် ဒီပဋိပက္ခမဖြစ်အောင် အရှေ့ အလယ်ပိုင်းမှာ လုပ်ဖို့လိုပြီလို့လည်း အတွင်းရေးမှူးချုပ်ကပြောပါတယ်။ လက်ဘနွန်မှာ ငြိမ်းချမ်းရေးရှိဖို့ လိုလားတယ်လို့ အခု အခြေအနေကို စိုးရိမ်သလို ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ သူက သတိပေးပါတယ်။
 
လက်ဘနွန် ဟစ်ဘိုလာ အဖွဲ့ခေါင်းဆောင်ကတော့ ဆော်ဒီအာရေးဗျဟာ လက်ဘနွန်နိုင်ငံအတွင်း စစ်ကြေညာလိုက်တာလို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ လက်ဘနွန်ဝန်ကြီးချုပ် ဆတ် အယ် ဟာရာရီဟာ ဆော်ဒီအာရေးဗျမြို့တော်ကို ရောက်ရှိနေချိန်မှာ ရာထူးကနေ နှုတ် ထွက်လိုက်ပြီလို့ကြေညာခဲ့ပြီးနောက်မှာ ဟစ်ဘိုလာခေါင်းဆောင်က အခုလိုပြောလိုက်တာလည်း ဖြစ်ပါတယ်။ လက်ဘနွန် ၀န် ကြီးချုပ်ကတော့ ရာထူးကနေ အခုလို နှုတ်ထွက်လိုက်တာဟာ သူ့အသက်အန္တရာယ်ကို စိုးရိမ်တာကြောင့်လို့ပြောထားပေမဲ့ ၀န်ကြီးချုပ် ရာထူးကနေ နှုတ်ထွက်တာဟာ ပြည်ပ ဖိအားတွေကြောင့်လို့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။
 
ဒီလိုအခြေအနေဖြစ် လာတာဟာ ဆော်ဒီအာရေးဗျအနေနဲ့ လက်ဘနွန်ကို စစ်ကြေညာလိုက်တာလို့ အီရန်နိုင်ငံရဲ့ ကျောထောက်နောက်ခံရရှိထားတဲ့ ဟစ်ဘိုလာအဖွဲ့က သောကြာနေ့မှာပြောလိုက်တာပါ။ ဒါ့ပြင် ဆော်ဒီဟာ ၀န်ကြီးချုပ်နှုတ်ထွက်အောင်လုပ်ပြီး လက်ဘနွန်မှာ မတည်ငြိမ်တာတွေဖြစ်အောင် ၀န်ကြီးချုပ်ကို ထိန်းသိမ်းထားတယ်လို့လည်း ဟစ်ဘိုလာ အဖွဲ့ကပြောပါတယ်။ လက်ရှိမှာ ဆော် ဒီအာရေးဗျနဲ့ လက်ဘနွန်နိုင်ငံတို့ကြားမှာ ဖြစ်ပွားနေတဲ့တင်းမာမှုလျော့ကျအောင် ပြင်သစ်နိုင်ငံက ကြားဝင်စေ့စပ်ပေးနေပါတယ်။
 
 
 
 
 
 

Related News