ဗြိတိန်နိုင်ငံ၊ ဥရောပသမဂ္ဂအဖွဲ့(EU)ကနေမနှုတ်ထွက်ခင် ဗြိတိန်လွှတ်တော်ဟာ ထပ်မံမဲခွဲရဖို့ ရှိနေတယ်လို့ ဗြိတိန်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပြောစကားကိုကိုးကားပြီး သတင်းတွေဖော်ပြ နေပါတယ်။ဗြိတိန်လွှတ်တော်ရဲ့ အက်ဥပဒေအသစ်အရ ဗြိတိန်ရဲ့ငွေကြေး၊နိုင်ငံသားအခွင့်အရေးနဲ့ အကူးအပြောင်းတွေဟာ ဥပဒေအဖြစ်အတည်ပြုရမှာဖြစ်တယ်လို့ ဗြိတိန်(EU)ကနေ နှုတ်ထွက်ရေး ဆိုင်ရာဝန်ကြီးဖြစ်သူ ဒေးဗစ်ဒါဗီးစ်ကပြောပါတယ်။
 
မဲခွဲမယ့်အပေါ် အတိုက်အခံဖြစ်တဲ့ လေဘာပါတီကိုယ်စားလှယ်တွေက ကြိုဆိုထောက်ခံခဲ့ကြပေမဲ့ ဗြိတိန်ဝန်ကြီးတွေကို ပြန်လည်ညှိနှိုင်းရေးအတွက် မတောင်းဆိုခဲ့ဘူးဆိုရင်တော့ စစ်မှန်တဲ့ မဲခွဲရေးဖြစ်လာမှာမဟုတ်ဘူးလို့ ကိုယ်စားလှယ်တချို့က သတိပေးပြောဆိုခဲ့ပါတယ်။ အာဏာရကွန်ဆာဗေးတစ်ပါတီရဲ့ ကိုယ်စားလှယ်တချို့ကတော့ မဲခွဲရေးအပေါ် စိတ်ပါဝင်စားမှုမရှိကြဘူးလို့ ဗြိတိန်လွှတ်တော်တွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက သတင်းဖော်ပြပါတယ်။
 
လွှတ်တော် ကိုယ်စားလှယ်တွေဟာ အစိုးရဘက်နဲ့ ဗြိတိန်ခွဲထွက်ရေးမှာ တရားဥပဒေ ပြုရေးဆိုင်ရာ အချက်အလက်တွေကို ယခုသီတင်းပတ်အကုန်မှာ အခြေအတင်ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာပဲ မဲခွဲရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။ ဗြိတိန်အစိုးရရဲ့ဘဘောတူညီချက်တွေကို ဗြိတိန်လွှတ်တော်က ငြင်းဆိုခဲ့ပေမဲ့ ဗြိတိန်နိုင်ငံဟာ (၂၀၁၉)ခုနှစ်၊ မတ်လမှာ ဥရောပသမဂ္ဂအဖွဲ့ကနေ နှုတ်ထွက်ဖို့ ပြင်ဆင်နေပါတယ်။
 
 
 

Related News