ပြင်သစ်နိုင်ငံပဲရစ်မြို့မှာ (၂၀၁၅)ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တဲ့ သူတွေအတွက် ၀မ်းနည်းခြင်းအထိမ်း အမှတ်အခမ်းအနားတွေပြုလုပ်ခဲ့ပြီး အဲ့ဒီအခမ်းအနားကို ပြင်သစ်သမ္မတက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာသတင်းအယ်ဒီတာက ဆက်လက်တင်ဆက်ပေးမှာပါ။ပဲရစ်မြို့မှာ (၂၀၁၅)ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်း အနားကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ဦးဆောင်ပြီး နိုဝင်ဘာလ(၁၃)ရက်က ပြုလုပ်ခဲ့ပါတယ်။
 
ပြင်သစ်သမ္မတဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ စတေဒီဖရန့်စ်အားကစားရုံနဲ့ သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ ဘာတာကလန် ကဇာတ်ရုံအပါအ၀င် ၀မ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားတွေပြုလုပ်နေတဲ့နေရာတွေကို လိုက်လဲကြည့်ရှုခဲ့တာပါ။ (၂၀၁၅)ခုနှစ် အဲဒီတိုက်ခိုက်မှုတွေ အတွင်း ပဲရစ်မြို့မှာ အသေခံဗုံးခွဲခဲ့တာနဲ့ ပစ်ခတ်မှုအကြီးအကျယ်ဖြစ်ခဲ့တာကြောင့် သေဆုံးသူ (၁၃၀)ဦးရှိခဲ့ပြီး ဒဏ်ရာရသူရာချီရှိခဲ့ ပါတယ်။အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ညမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်တဲ့ အကြမ်းဖက်အဖွဲ့ဝင်လို့ ယူဆရတဲ့ ဆာလား အက်ဘ်ဒီဆလမ် ကို ဖမ်းမိထားပြီဖြစ်ပြီး  သူဟာကိုယ့်ကို ကိုယ်သတ်သေဖွယ် ရှိတယ်လို့ယူဆရတဲ့အတွက် ပြင်သစ်ရဲတပ်ဖွဲ့က စောင်ကြည့်မှုတွေပြုလုပ်နေပါတယ်။
 
စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေစဉ် အတွင်း နှုတ်ဆိတ်နေတာကြောင့် စုံစမ်းရေးအရာရှိ တွေဟာလည်း အခက်အခဲတွေ့နေရပါတယ်။ဆာလား အက်ဘ်ဒီဆလမ်ဟာ ပဲရစ်မြို့က အားကစားရုံတစ်ရုံ၊ကော်ဖီဆိုင်တွေနဲ့ ကဇာတ်ရုံတစ်ခုကို တိုက်ခိုက်ခဲ့တဲ့အကြမ်းဖက်အဖွဲ့ကို ထောက်ပံ့ရေး လုပ်ဆောင်ခဲ့တယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့က ယူဆနေပါတယ်။ အကြမ်းဖက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (IS) လို့ သူတို့ကိုယ်သူတို့အမည်တပ်ထားတဲ့ အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 
 
 
 

Related News