အီတလီလက်ရွေးစင်အသင်းနဲ့ဂျူဗင်တပ်အသင်းတို့ရဲ့ဝါရင့်ဂိုးသမားဖြစ်တဲ့ ဘူဖွန်ကတော့ လက်ရွေးစင်ကစား သမားဘ၀ကနေ အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ အီတလီအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-O ပွဲစဉ်အဖြစ် ဆွီဒင်အသင်းနဲ့ရင်ဆိုင်ကစားခဲ့ရာမှာ နှစ်ကျော့ ပေါင်းရလဒ် (၁) ဂိုး၊ ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တာကြောင့် (၁၉၅၈) ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်နဲ့လွဲချော်ခဲ့ပါတယ်။ အီတလီလက်ရွေးစင်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ ၀ါရင့်ဂိုးသမားကြီး ဘူဖွန်ကတော့ ယခုပွဲစဉ်အပြီးမှာလက်ရွေးစင်ကစားသမားဘ၀မှအနားယူသွားခဲ့ပါတယ်။
 
ဘူဖွန်ဟာလက်ရွေး စင်အသင်းမှာ အသက် (၁၉) နှစ် (၉) လအရွယ်ထဲကစတင်ကစားပေးခဲ့သူဖြစ်ပြီး အီတလီလက်ရွေးစင်အသင်း အတွက် (၁၇၅) ပွဲအထိပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ အီတလီလက်ရွေးစင်အသင်းမှာ Clean Sheet  အများဆုံးရယူထားနိုင်တဲ့ဂိုးသမားအဖြစ်လည်း စံချိန်တင်ထားသူဖြစ်ပြီး၊ လက်ရွေးစင်အသင်းနဲ့အတူ (၂၀၀၆) ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာဗိုလ်စွဲထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။
 
သူ့ရဲ့လက်ရွေးစင်ကစားသမားဘ၀နောက်ဆုံး ပြိုင်ပွဲမှာ ကမ္ဘာ့ဖလားဝင်ခွင့်ကိုဆုံးရှုံးခဲ့ရတာကြောင့် ရှက်စရာကောင်းတဲ့အဖြစ်ကို ရင်ဆိုင်ခဲ့ရတယ်လို့လည်း ဘူဖွန်က ဆွီဒင်နဲ့ပွဲစဉ်အပြီးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဘူဖွန်ရဲ့လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ဂျူဗင် တပ်အသင်းမှ ဘာဇဂါလီ၊ ချီရယ်လီနယ်နဲ့ ရိုးမားအသင်းမှကွင်းလယ်ကစားသမား ဒီရော့စီတို့ကလည်း ဘူဖွန်နဲ့ အတူ လက်ရွေးစင်အသင်းမှအနားယူမည်ဖြစ်ကြောင်းကြေညာခဲ့ကြပါတယ်။
 
 
 

Related News