အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြဆီမြွန်နီဟာ လာလီဂါ (၁၈) ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင် ခဲ့ပြီး၊အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့(၁၉၉၀-၉၁)ဘောလုံးရာသီက စံချိန်ကိုထပ်မံရရှိအောင် စွမ်းဆောင် နိုင်တဲ့နည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ လာလီဂါပွဲစဉ် (၁၄) အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲယ်လ်ဆိုစီဒက်အ သင်းနဲ့ပွဲစဉ်မှာ (၂) ဂိုး (၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး လာလီဂါပွဲစဉ်(၁၈) ပွဲဆက်ရှုံးပွဲမရှိတဲ့ စံချိန်ကိုပိုင်ဆိုင်ခဲ့ပါတယ်။
 
အက်သလက်တီကိုမက်ဒရစ်အသင်းဟာ (၁၈) ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို (၁၉၉၀-၉၁) ဘောလုံးရာသီကလည်း ပိုင်ဆိုင်ခဲ့ဖူးပြီး (၂၆) နှစ်ကြာမြင့်ပြီးနောက် နည်းပြဆီမြွန်နီလက်ထက်မှာ အဆိုပါစံချိန်ကိုပြန်လည်ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့နည်းပြဆီမြွန်နီလက်ထက် နောက်ဆုံးရှုံးနိမ့်ခဲ့တဲ့ လာလီဂါ ပွဲစဉ်က (၂၀၁၆-၂၀၁၇) ဘောလုံးရာသီက ဗီလာရီးရဲလ်အသင်းကိုရှုံးနိမ့်ခဲ့တဲ့လာလီဂါပွဲစဉ် (၃၄) ဖြစ်ပြီး၊ အဆို ပါပွဲစဉ်နောက်ပိုင်းယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ ရှုံးနိမ့်ခြင်းမရှိခဲ့ တာဖြစ်ပါတယ်။
 
နည်းပြဆီမြွန်နီလက် ထက် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ် (၁၈)ပွဲမှာ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ (၁၁) ပွဲအထိအနိုင်ရရှိပြီး (၇) ပွဲသရေရလဒ်ကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အ သင်းရဲ့သမိုင်း တစ်လျှောက်လာလီဂါ (၁၈) ပွဲဆက်ရှုံးပွဲမရှိစံချိန်ကို (၃) ကြိမ်ပိုင်ဆိုင်ခဲ့ဖူးပြီး (၁၉၄၀-၄၁) ဘောလုံးရာသီ (၁၉၉၀-၉၁) ဘောလုံးရာသီနဲ့ ယခု (၂၀၁၇-၂၀၁၈) ဘောလုံးရာသီတို့ ဖြစ်ပါတယ်။
 
 

Related News