ယီမင်နိုင်ငံထဲမှာရှိတဲ့ဟူသီသူပုန်တွေဘက်ကနေတိုက်တဲ့ဒုံးကျည် ထိမှန်ခဲ့တယ်ဆိုတဲ့သတင်းကို  အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE)က ငြင်းဆိုလိုက်ပါတယ်။ ယီမင်နိုင်ငံထဲက ဟူသီ သူပုန်တွေဟာ ဆောက်လုပ်ဆဲ နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ရုံကို ပစ်မှတ်ထားပြီး ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တယ်လို့ အစောပိုင်းမှာပြောထားပါတယ်။ ယီမင်နိုင်ငံ မြို့တော် ဆန်နာမှာတော့ ယူအေအီး အပါအ၀င် ဆော်ဒီဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ သူပုန်မဟာမိတ် တွေအချင်းချင်းကြားမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ဟူသီသူပုန်တပ်ဖွဲ့ရဲ့ ပြောခွင့် ရသူကတော့ သူ့စစ်တပ်ဟာ ယူအေ အီးရဲ့စစ်ဘက်ဆိုင်ရာနေရာတစ်ခုကို ပစ်မှတ်ထားပြီး ခရုဇ် ဒုံးကျည်နဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့ပြင် အရင်တုန်းက မဟာမိတ် ဖြစ်ဖူးတဲ့ ယီမင်သမ်္မတဟောင်း ဆာလနဲ့ သူ့ရဲ့စစ်သွေးကြွအဖွဲ့တွေဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ အသာရမှု အလားအလာမကောင်းပေမဲ့ ယီမင်နိုင်ငံအတွင်းမှာ ကွဲပြားမှုတွေဖြစ်ပွားနေ အောင်ဖန်တီးဖို့ ကြိုပမ်းနေတယ်လို့ ဝေဖန်လိုက်ပါတယ်။ ဒီအတောအတွင်းမှာပဲ ဟူသီ သူပုန်တွေနဲ့ ဆာလကို ထောက်ခံသူတွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားမှုအတွင်း မြို့တော် ဆန်နာမှာရှိတဲ့ အီရန်သံရုံးကို လက်နက်ကြီးကျရောက်ခဲ့တယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။

ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ဟာ ယီမင်နိုင်ငံသားတွေအပေါ်တိုက်ခိုက်တာရပ်သွားမယ်ဆိုရင် အီရန်နိုင်ငံနဲ့မဟာမိတ်ဖြစ် နေတဲ့ ဟူသီ သူပုန်တွေဘက်မှာ မပါတော့ဘူးလို့ သမ္မတဟောင်း ““ဆာလ””က ကြေညာပြီးနောက်မှာ ဆာလကို ထောက်ခံသူတွေနဲ့ ဟူသီသူပုန်တွေကြားမှာ တိုက်ပွဲတွေ စတင်လာတာပါ။ ယီမင်သမ္မတ ဟောင်း““ဆာလ””ရဲ့ ကြေညာချက်ကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ကြိုဆိုထားပါတယ်။ ယူအေအီးနိုင်ငံလည်းပါဝင်တဲ့ အဲဒီညွန့်ပေါင်းအဖွဲ့ဟာ နိုင်ငံတကာရဲ့အသိအမှတ်ပြုခံထား ရတဲ့ယီမင်သမ္မတ မန်ဆောဟာဒီကို နိုင်ငံ့အာဏာပြန်ပေးနိုင်ရေး လုပ်ဆောင်နေကြတာပါ။

 

 

 

 

Related News