အမေရိကန်နိုင်ငံကို ၀င်ရောက်လာတဲ့ မွတ်ဆလင်နိုင်ငံ(၆)နိုင်ငံကဒေသခံတွေကို အဓိက ရည်ရွယ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တင်ပြခဲ့တဲ့ ပြည်ဝင်ခွင့်ကန့်သတ်ချက်ကို အမေရိကန်အထက်တရားရုံးက အတည်ပြုလိုက်ပြီဖြစ်ပေမဲ့ အဲဒီဥပဒေကို အပြည့်အ၀ကျင့် သုံးရာမှာတော့ အခက်အခဲတွေရှိနိုင်တုန်းဖြစ်ပါတယ်။ ပြည်ဝင်ခွင့်ကန်သတ်တာဟာ သမ္မတထရမ့် စတင်အာဏာရယူပြီး တစ်ပတ်အကြာကတည်းက အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တဲ့ အငြင်းပွားဖွယ်မူဝါဒဖြစ်ပါတယ်။
 
အမေရိကန်နိုင်ငံကို အစ္စလာမ်မစ်စစ်သွေးကြွတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဆီကနေ ကာကွယ်ဖို့ ဒီမူဝါဒကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာ ဖြစ်တယ်ဆိုပြီး သမ္မတထရမ့်က ပြောခဲ့ပါတယ်။ တရားရုံးချုပ်ရဲ့ အတည်ပြုချက်ကြောင့် အာဖရိကတိုက်က ချတ်၊ လစ်ဗျားနဲ့ ဆိုမာလီယာနိုင်ငံတွေနဲ့ အာရှတိုက်က အီရန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံတွေကနေ အမေရိကန်နိုင်ငံကို သွားရောက် မယ့်သူတွေဟာ ပြည်ဝင်ခွင့်ရမှာမဟုတ်ပါဘူး။
 
ပြည်ဝင်ခွင့်ကန့်သတ်ခံရတဲ့နိုင်ငံတွေဟာ အရင်ကတော့ ကျောင်းတက်ခွင့်ဗီဇာ ရှိရင်(ဒါမှမဟုတ်) မိသားစုတွေရှိမယ်ဆိုရင် အမေရိကန်ကို ပြည်ဝင်ခွင့်ပေးထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ပြည်သူတွေနဲ့ ဗင်နီဇွဲလားနိုင်ငံက အာဏာပိုင်တချို့ဟာလည်း ပြည်ဝင်ခွင့်ကန့်သတ်ခံရမှုမှာ ပါဝင်ပါတယ်။ ပြည်ဝင်ခွင့်ကန့်သတ်လိုက်တာဟာ အမေရိကန်ဖွဲ့စည်းပုံဥပဒေတွေနဲ့ မညီညွတ်ဘူးလို့ ဝေဖန်မှုတွေတွေ့ကြုံနေရတဲ့အပြင် ဆန္ဒပြမှုတွေဖြစ်ပွားနေပါတယ်။
 
 
 

Related News