သြဂုတ်လကုန်ပိုင်းက စင်ကာပူရေပိုင်နက်ထဲမှာ ရေနံတင်သင်္ဘောတစ်စီးနဲ့ တိုက်မိခဲ့တဲ့ အမေရိကန်ရေတပ်ရဲ့ ဒုံးကျည်ဖျက်သင်္ဘော USS ဂျွန်အက်စ် မက်ကိန်းဟာ ဂျပန်နိုင်ငံက ယူကိုဆူကာ ဆိပ်ကမ်းကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ ဖျက်သင်္ဘောရဲ့ အထိအခိုက်ရှိခဲ့တဲ့ အစိတ်အပိုင်းတွေကို ပြင်ဆင်မှုတွေ ပြန်လည်ပြုလုပ်ဖို့ ဒီဇင်ဘာလ(၅)ရက်ညနေပိုင်းမှာ ရောက်ရှိခဲ့ တာဖြစ်ပါတယ်။USS ဂျွန်အက်စ် မက်ကိန်းဟာ တိုကျိုမြို့နားက ယိုကိုဆူကာဆိပ်ကမ်းမှာ အခြေစိုက်တဲ့ အမှတ်(၇)အမေရိကန် ရေတပ်တပ်ရင်းက သင်္ဘောဖြစ်ပါတယ်။
 
ယူအက်စ်အက်စ် ဂျွန်အက်စ်မက်ကိန်းဟာ လိုက်ဘေးရီးယားနိုင်ငံအလံလွှင့်ထားတဲ့ ရေနံတင်သင်္ဘော အယ်လ်နစ်ခ်အမ်စီနဲ့ စင်ကာပူဆိပ်ကမ်းနားမှာ သြဂုတ်လ ၂၁ ရက် မနက်အစောပိုင်းမှာ တိုက်မိခဲ့တာလို့ အမေရိကန်ရေတပ်ကပြောပါတယ်။မတော်တဆမှုဖြစ်ပွားခဲ့ချိန်မှာ အမေရိကန်စစ်သင်္ဘောဟာ စင်ကာပူနိုင်ငံကို ဦးတည်နေတာ ဖြစ်ပါတယ်။ တိုက်မိချိန်အတွင်း သင်္ဘောသား(၁၀)ဦးပျောက်ဆုံးနေခဲ့ပြီး (၅)ဦးဒဏ်ရာရခဲ့ပါတယ်။ မတော်တဆမှုဖြစ်ပွားပြီး ရက်ပိုင်းအကြာမှာတော့ ပျောက်ဆုံးနေတဲ့ရေတပ်သားတွေရဲ့အလောင်းတွေကို  ရေမြုပ်နေတဲ့ အိပ်ခန်းဆောင်ထဲမှာ တွေ့ရှိခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ရေတပ်သားတွေဟာ အသက်(၂၀)နဲ့ (၃၉)နှစ်ကြားရှိသူတွေဖြစ်ပြီး အီလက်ထရောနစ်ပညာရှင်တွေနဲ့ ဆက်သွယ်ရေး ပညာရှင်တွေ ဖြစ်ပါတယ်။ တိုက်မိမှုအတွင်း သင်္ဘောအတွင်းက အခန်းတစ်ချို့ထဲကို ရေလွှမ်းခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောခဲ့ပါတယ်။
 
 
 

Related News