ဂျပန်လှေလှော်အားကစားသမား(၁)ဦးဟာ ပြိုင်ဘက်ကစားသမား(၁)ဦးကို တားမြစ်ဆေးခပ်ခဲ့တဲ့ အတွက် ပြိုင်ပွဲဝင်ခွင့်(၈)နှစ် ပိတ်ခံထားရတာကြောင့် (၂၀၂၀)ပြည့်နှစ်မှာ ကျင်းပမယ့် တိုကျိုအိုလံပစ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိဖြစ်သွားပါတယ်။ ဂျပန်ကယက်လှေလှော်အားကစားသမားတစ်ဦးကို ပြိုင်ပွဲတွေမှာပါဝင်ကစားခွင့်(၈)နှစ် ပိတ်ပင်လိုက်ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်စက်တင်ဘာလတုန်းက ဂျပန်နိုင်ငံ၊ အီရှီကာဝါစီရင်စုမှာ ကျင်းပခဲ့တဲ့ ဂျပန်ပြည်တွင်းကယက်ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပြိုင်ဖက် (၁)ဦးကို ဆေးခပ်ခဲ့တယ်လို့ဝန်ခံခဲ့တဲ့ အသက်(၃၂)နှစ်ရှိပြီဖြစ်သူ ယာဆူဟီရို ဆူဇူကီကို ဂျပန်အာဏာပိုင်တွေက အရေးယူခဲ့ တာပါ။
 
ယာဆူဟီရိုဟာ ပြိုင်ပွဲဝင်ဖို့အရည်အချင်းမပြည့်မီဘူးဆိုတဲ့ ဂျပန်တားမြစ်ဆေးတိုက်ဖျက်ရေး အေဂျင်စီရဲသတ်မှတ်ချက်ကို ဂျပန်ကနူးလှေအသင်းက ဇန်န၀ါရီလ(၉)ရက်မှာ ကြေညာခဲ့ပါတယ်။ ယာဆူဟီတို ဆူဇူကီဟာဆယ်ဂျီ ကိုမတ်ဆုဆိုတဲ့လှေလှော် အားကစားသမားသောက်မယ့်အအေးခွက်ထဲကို ကြွက်သားအားဆေးတွေထည်ခဲ့တယ်လို့ ဂျပန်ကနူးလှေလှော်အသင်းတာဝန်ရှိ သူတွေကပြောပါတယ်။ ကိုမတ်ဆုကအအေးသောက်ခဲ့ပြီး တားမြစ်ဆေးသုံးစွဲထားခြင်းရှိမရှိဆေးစစ်မှုခံယူခဲ့ရာမှာ ဆေး ကျခဲ့ပေမဲ့ သူကတားမြစ်ဆေးတစ်စုံတစ်ရာသုံးစွဲထားခြင်းမရှိဘူးလို့ ငြင်းဆိုထားတာကြောင့် လှေလှော်အသင်း တာဝန်ရှိသူတွေ ကစုံစမ်းမှုတွေပြုလုပ်ခဲ့တာပါ။
 
ဆေးစစ်မှုအတွင်း တားမြစ်ဆေးသုံးထားတာကို တွေ့ရမှာမဟုတ်ဘူးလို့ ထင်ခဲ့မိတယ်ဆိုပြီး ဆူဇီကီကပြောတယ်လို့ ဂျပန်လှေလှော်အသင်းက ပြောပါတယ်။ ဆူဇူကီဟာ လာမယ့်(၂၀၂၀)တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်ရရှိဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။ ကိုမတ်ဆုကို ပြိုင်ပွဲဝင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ (၂၀၁၇)အောက်တိုဘာလမှာ သတ်မှတ်ခဲ့ပေမဲ့ အခုတော့ ပြစ်ဒဏ်ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။
 
 
 

Related News