ဇန်န၀ါရီလ(၆)ရက်က တရုတ်အရှေ့ဘက်ကမ်းခြေမှာ သင်္ဘော(၂)စီးတိုက်မိခဲ့တာကြောင့် သင်္ဘောသား(၃၂)ဦးပျောက်ဆုံးနေပြီး ဇန်န၀ါရီလ(၁၃)ရက်မှာ သင်္ဘောသား(၂)ဦးရဲ့ခန္ဓာကိုယ်တွေကိုပြန်တွေ့ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။တရုတ်ကမ်းခြေမှာ ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေထဲက(၂)ဦးရဲ့ ခန္ဓာကိုယ်တွေကို ကယ်ဆယ်ရေးသမားတွေကပြန်တွေ့ခဲ့ တယ်လို့ တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာနကပြောပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က တရုတ်ကမ်းခြေမှာ အီရန်ပိုင်ရေနံတင်သင်္ဘော (၁)စီးနဲ့ တရုတ်ကုန်သင်္ဘော(၁)စီးတိုက်မိခဲ့ပြီးနောက် ရေနံတင်သင်္ဘောဆန်ချီက အီရန်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သင်္ဘောသား (၃၂)ဦးပျောက်ဆုံးနေတာပါ။
 
ဆန်ချီသင်္ဘောကမီးလောင်နေတာတစ်ပတ်ကြာနေပြီး မီးခိုးငွေ့တွေကြောင့် ကယ်ဆယ်ရေးသမား (၄)ဦး လုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲတွေ့ခဲ့ရတယ်လို့လည်း တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာနကပြောပါတယ်။ မီးလောင် နေတဲ့သင်္ဘောရဲ့ ပင်လယ်ရေကြောင်းသွားလာမှုမှတ်တမ်းကိုလည်း ကယ်ဆယ်ရေးသမားတွေက ပြန်ရခဲ့တယ်လို့သိရပါတယ်။ ပျောက်ဆုံးနေတဲ့သင်္ဘောသား(၃၂)ဦးအနက် (၃)ဦးရဲ့ခန္ဓာကိုယ်တွေကိုပဲ ပြန်တွေ့သေးပါတယ်။ အီရန်အသေခံတပ်ဖွဲ့(၁) ဖွဲ့လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာနကပြောပါတယ်။
 
ကယ် ဆယ်ရေးလုပ်ငန်း(၁)နာရီလောက်သာလုပ်နိုင်ခဲ့ပြီး  လေကြောင်းပြောင်းလဲမှုဖြစ်ခဲ့တာကြောင့် မီးခိုးငွေ့တွေပိုထွက်လာတဲ့ အတွက် ကယ်ဆယ်ရေး သမားတွေက သင်္ဘောကိုစွန့်ခွာခဲ့ရတယ်ဆိုပြီး ရှင်ဟွာသတင်းဌာနက သတင်းဖော်ပြပါတယ်။ သင်္ဘောသားတွေကို ကယ်ဆယ်နိုင်ဖို့ အခွင့်အလမ်းမရှိသလောက်ဖြစ်နေရင်တောင် တရုတ်နိုင်ငံဘက်က ကယ်ဆယ်ရေး အတွက် အပြည့်အ၀အားထုတ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဇာဗဒ် ဇာရစ်ဖ်ကို ဖုန်းခေါ်ဆိုပြောခဲ့တယ်ဆိုပြီး သိရပါတယ်။ 
 
 
 

Related News