ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တူနီးရှားအစိုးရရဲ့ခြိုးခြံချွေတာရေးအစီအစဉ်တွေကို ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးနောက် လူမှုပြုပြင် ပြောင်းလဲရေးတွေလုပ်သွားမယ်လို့ တူနီးရှားအစိုးရကကြေညာလိုက်ပါတယ်။ လူအယောက်(၈၀၀)လောက်ဖမ်းခံခဲ့ရတဲ့ ဆန္ဒပြမှုတွေကို တုံ့ပြန်ရေးအတွက် တူနီးရှားအစိုးရအဖွဲ့အနေနဲ့အရေးပေါ်အစည်းအဝေးတွေပြုလုပ်ခဲ့ပါတယ်။ ဆေးဝါးကုသမှုပေးဖို့၊ အိမ်ရာလုပ်ငန်းတွေနဲ့ နွမ်းပါးသူတွေကို အထောက်အပံ့တွေတိုးသွားရေးစတဲ့လူမှုပြုပြင်ပြောင်းလဲရေးတွေပြုလုပ်သွားဖို့ အစီ အစဉ်တွေပြုလုပ်ထားပြီးဖြစ်တယ်လို့ တူနီးရှားအာဏာပိုင်တွေကပြောပါတယ်။ တူနီးရှားအစိုးရရဲ့ အခုနှစ်ရသုံးငွေစာရင်းမှာ အခွန်ငွေတိုးကောက်ဖို့နဲ့ ဈေးနှုန်းတွေမြင့်တက်လာဖို့ ပါဝင်နေတဲ့အတွက် အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ခဲ့တာပါ။
 
တူနီးရှားနိုင်ငံမှာ ဘဏ္ဍာရေးလိုငွေပြမှုကို အမြန်ဆုံးအရေးယူ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)က သတိပေးခဲ့ပါတယ်။ နိုင်ငံတွင်းအလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေတာ၊ ဆင်းရဲမွဲတေမှု မြင့်တက်ခဲ့တာတွေကို တူနီးရှားအစိုးရအဆက်ဆက်က ဖြေရှင်းနိုင်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့(၂၀၁၅)ခုနှစ်မှာ နိုင်ငံခြားသားတွေကို ဦးတည်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ တူနီးရှားနိုင်ငံတွင်းမှာဖြစ်ခဲ့တာကြောင့် နိုင်ငံရဲ့ခရီးသွား ကဏ္ဍဟာလည်း အခက်အခဲတွေ့နေပါတယ်။ 
 
 
 

Related News