ရိုမေးနီးယားဝန်ကြီးချုပ်မီဟိုင်း တူဒိုဆေးဟာ ဇန်န၀ါရီလ(၁၅)ရက်မှာ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ဆန္ဒခံယူမှု(၁)ခုအတွင်း သူ့ရဲ့ဆိုရှယ်ဒီမိုကရက်ပါတီ(PSD)ခေါင်းဆောင်တွေက သူ့ကိုထောက်ခံမှုရုတ်သိမ်းလိုက်ပြီး ပါတီရဲ့ဒုတိယအဓိပတိနေရာကနေဖြုတ်ချခဲ့ပြီးနောက် ရာထူးက နှုတ်ထွက်ခဲ့တာပါ။PSD ပါတီဥက္ကဌ လီဗီယူဒရာ့ဂ်နာနဲ့မိတ်ဖက်(၁)ဦးဖြစ်ပြီး သူ့ကိုလိမ်လည်ခဲ့တယ်လို့ လူသိရှင်ကြားစွပ်စွဲခံခဲ့ရတဲ့ ရိုမေးနီးယားပြည်ထဲရေးဝန်ကြီးကို ရာထူးကနေနှုတ်ထွက်ဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ တူဒိုဆေးက တောင်းဆိုခဲ့ပြီးနောက် တူဒိုဆေးနဲ့ဒရာ့ဂ်နာတို့ကြား တင်းမာမှုတွေစတင်ခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးက သူလိမ်ခဲ့တယ်ဆိုတာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ဒရာ့ဂ်နာဟာ အာဏာရပါတီနဲ့ရိုမေးနီးယားအစိုးရအဖွဲ့ကြား လွှမ်းမိုးမှုရှိနေပါတယ်။
 
ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ရိုမေးနီးယား ရွေးကောက်ပွဲကာလမှာ မဲလိမ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကြုံတွေ့နေရတာကြောင့် ဒရာ့ဂ်နာဟာ ရိုမေးနီးယားဝန်ကြီးချုပ်ရာထူးကနေ တားမြစ်ခံထားရပါတယ်။ပါတီကို မထိခိုက်စေလိုဘဲ သူလုပ်ခဲ့တဲ့လုပ်ရပ်အတွက် တာဝန်ခံခဲ့ပြီး ၀န်ကြီးချုပ်အနေနဲ့ လုပ်ခဲ့တဲ့လုပ်ရပ်တွေကို နောင်တမရဘူးလို့ဆန္ဒခံယူမှုအပြီးမှာ တူဒိုဆေးက သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ဇန်န၀ါရီလ(၁၅)ရက် ညနေပိုင်းမှာ ရိုမေးနီးယားသမ္မတ ကလော့အိုင်အိုဟန်းနစ်ထံ သူ့ရဲ့နှုတ်ထွက်စာပို့ပေးသွားမှာဖြစ်တယ်လို့ ၀န်ကြီးချုပ် တူဒိုဆေးကပြောပါတယ်။
 
 

Related News