တရုတ်နိုင်ငံတောင်ပိုင်းက ဂွမ်ဒေါင်းပြည်နယ်မှာရှိတဲ့ သံမဏိစက်ရုံမှာ ဖေဖော်ဝါရီလ(၅)ရက် မနက်ပိုင်းက ဓာတ်ငွေ့ယိုစိမ့်မှုဖြစ် ပွားခဲ့တာကြောင့် လူ(၈)ဦးသေဆုံးပြီး လူ(၁၀)ဦးကို ဆေးရုံပို့ခဲ့ရတယ်လို့ ဒေသအာဏာပိုင်တွေကပြောပါတယ်။ ဖေဖော်ဝါရီလ (၅)ရက်၊ မနက်(၃)နာရီပတ်ဝန်းကျင်က ရှောင်ကွမ်းမြို့မှာရှိတဲ့ ဆောင်ရှန်းသံမဏိစက်ရုံမှာ စက်ရုံ လုပ်သား(၂)ဦးက ပုံမှန်စစ်ဆေးမှုနဲ့ပြုပြင်မှုတွေပြုလုပ်ဖို့ ဓာတ်ငွေ့အဆို့ကိုဖွင့်ခဲ့ပြီးနောက် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ခဲ့တာပါ။

ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ(၈)ဦးအခင်းဖြစ်ရာစက်ရုံမှာတင် သေဆုံးခဲ့ပြီး ဆေးရုံပို့ခဲ့ရတဲ့လူ(၁၀)ဦးဟာလည်း အသက်အန္တရာယ် မစိုးရိမ်ရတော့ဘဲ အခြေအနေပုံမှန် ပြန်ဖြစ်နေပြီလို့ မြို့အုပ်ချုပ်ရေးဌာနက ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့ဝင်တွေ အမြန်ဆုံးရောက်ရှိလာတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ စက်ရုံရဲ့တခြားအစိတ်အပိုင်းဟာ ပြန်လည်ပတ်နေပေမဲ့ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ခဲ့တဲ့ အမှတ် (၇)၊ ကျောက်မီးသွေးမီးဖိုကိုတော့ ထုတ်လုပ်မှုရပ်တန့်ထားပြီး မတော်တဆမှု ဘာကြောင့်ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

 

Related News