ဂျပန်မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ရဟတ်ယာဉ်(၁)စီး ဖေဖော်ဝါရီလ(၅)ရက်မှာ ပျက်ကျခဲ့ပြီး အဲဒီပျက်ကျခဲ့တဲ့လေယာဉ်ဟာ အဓိကအစိတ်အပိုင်း(၁)ခုကို လေယာဉ်ကွင်းက ပျံမတက်ခင် လဲလှယ်ထားတာဖြစ်တယ်လို့ NHK သတင်းဌာနက သတင်းဖော်ပြပါ တယ်။ ရဟတ်ယာဉ်က ပန်ကာဒလက်တွေ ပြုတ်ထွက်သွားတယ်လို့ ရဟတ်ယာဉ်ပျက်ကျတာကို မြင်တွေ့ခဲ့သူတွေကပြော ပါတယ်။

ဂျပန်နိုင်ငံ၊ ဆာဂါစီရင်စုက ကန်ဇာကီမြို့မှာ ဂျပန်မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ဗံ-၆၄ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး ဒီဖြစ် ရပ်ကြောင့် တွဲဖက်လေယာဉ်မှူးသေဆုံးခဲ့ပြီး လေယာဉ်မှူးလည်းပျောက်ဆုံးနေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ပျံသန်းချိန်(၁၇၅၀)နာရီကျော်ခဲ့ပြီဖြစ်တဲ့ရဟတ်ယာဉ်ပန်ကာထိပ်ဖျားတွေကို မကြာသေးမီက လဲထားပြီးနောက် စမ်းသပ် ပျံသန်းနေစဉ်မှာ အဲဒီရဟတ်ယာဉ်ပျက်ကျခဲ့တာလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

အဲဒီရဟတ်ယာဉ်ကို ဂျပန်မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့လက်ရှိတပ်စုမှာ (၂၀၀၆)ခုနှစ်မတ်လ ကတည်းက စတင် အသုံးပြုခဲ့တာဖြစ်ပြီး အခု ပန်ကာဒလက် လဲတာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် မီးလောင်ခဲ့တဲ့အိမ်မှာနေတဲ့ အသက် (၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ဒူးဒဏ်ရာရခဲ့ပြီး အဲဒီမိန်းကလေးဟာ အိမ်ထဲကနေ တိုးထွက် လာနိုင်တာကြောင့် အသက်ရှင်ခဲ့တယ်လို့ သိရပါတယ်။

 

 

 

Related News