မကြာသေးမီက တောင်တရုတ်ပင်လယ်ပတ်ဝန်းကျင်မှာ ပူးပေါင်းတိုက်ခိုက်ရေးနဲ့ ကင်းလှည့်လုပ်ငန်းတွေအတွက် ရုရှားလုပ်Su--၃၅တိုက်လေယာဉ်တွေကို တရုတ်နိုင်ငံကစေလွှတ်ခဲ့ တယ်လို့  တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့လေတပ်က ဖေဖော်ဝါရီလ(၇)ရက်မှာ ပြောခဲ့တယ်ဆိုပြီး ရှင်ဟွာသတင်းဌာနက သတင်းဖော်ပြပါတယ်။ တိုက်လေယာဉ်တွေနေရာချထား တာဟာ တိုက်ခိုက်ရမယ့်အခြေအနေတွေအတွက် စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ PLAရဲ့ အားထုတ်မှုတစ်စိတ်တစ်ပိုင်းဖြစ်တယ် လို့လည်းသိရပါတယ်။

Su-၃၅တိုက်လေယာဉ်တွေ အခုလေ့ကျင့်မှုမှာ ပါဝင်တာဟာ ပင်လယ်ရေမျက်နှာပြင်ပေါ်နဲ့ တာဝေး အခြေအနေတွေမှာ တရုတ်လေတပ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်တိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ PLAဘက်ကပြောပါတယ်။ ခေတ်သစ်မှာဖြစ်ပွားလာနိုင်တဲ့စစ်ပွဲတွေမှာ တရုတ်နိုင်ငံရဲ့စွမ်းရည်ကို တိုးမြှင့်ဖို့၊ သိပ္ပံနဲ့နည်းပညာ ကဏ္ဍဖွံ့ဖြိုးစေဖို့၊ တရားဥပဒေစိုးမိုးရေးနဲ့ လေ့ကျင့်မှုတွေမှာ ဘဏ္ဍာငွေမဖြုန်းတီးရေးတို့ဟာ တရုတ်လေတပ်ရဲ့ဦးတည်ချက်တွေဖြစ်တယ်လို့ PLAဘက်ကပြောခဲ့ပါတယ်။ ဒါပေမဲ့ လေ့ကျင့်မှုတွေဘယ်အချိန်မှာပြုလုပ်သွားမလဲဆိုတာကိုတော့ PLA ဘက်က အတိအကျထုတ် မပြောသေးပါဘူး။

တရုတ်နိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲက ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတို့နဲ့ တောင်တရုတ်ပင်လယ်တွင်းမှာ နယ်မြေပိုင်ဆိုင် မှုဆိုင်ရာအငြင်းပွားမှုတွေ ရှိနေပါတယ်။ 

 

 

 

Related News